ပါတီ သုံးပိုင်းကွဲနေ၍ ၂၀၁၅ ရေးကောက်ပွဲဝင်ရန် လူ့ဘောင်သစ်ပါတီ ခက်ခဲနေဆဲဖြစ်

ပို့စ်တင်ချိန် - 1/19/2014 01:00:00 AM


ရန်ကုန် ဇန်န၀ါရီ ၁၈။

လူ့ဘောင်သစ်၏ဒီမိုကရက်တစ်ပါတီ အနေဖြင့် ပါတီ အုပ်စုသုံးစု ကွဲပြားနေခြင်းကြောင့် ၂၀၁၅ ရွှေးကောက် ပွဲအား ၀င်ပြိုင်ချင်သော်လည်း အခက်အခဲများဖြစ် နေလျက်ရှိကြောင်း ဇန်န၀ါရီ ၁၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ပြုလုပ်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အစည်းအဝေးမှ သိရသည်။

ယခင်က ABSDF ဥက္ကဋ္ဌဟောင်းဖြစ်သူ မိုးသီးဇွန် တည်ထောင်ခဲ့သော လူဘောင်သစ်၏ ဒီမိုကရက်တစ်ပါတီ သည် မူလတွင် ပါတီတစ်ခုထဲသာ ရှိခဲ့သော်လည်း မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုများကြောင့် လူအသီးသီးနှင့် မူအသီးသီးကွဲခဲ့သည်။

“လူဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ အခုအချိန်မှာ ကွဲနေတယ် အဲ့လိုကွဲနေတာတွေကိုလည်း ပြန်စုစည်းသွာ ဖို့ ရှိတယ် အဲ့လိုစုစည်းပြီးတော့လည်း လာမယ့် ၂၀၁၅ ရွှေးကောက်ပွဲကို ၀င်ပြိုင်သွားဖို့လည်း ရှိတယ် ”ဟု လူဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုအောင်ဇေယျက ပြောသည်။

၂၀၁၅ ရွှေးကောက်ပွဲ ၀င်ပြိုင်ရန်အတွက် ပါတီမှတ်ပုံတင်ရာတွင်  မူလလူဘောင်သစ်၏ ဒီမိုကရက်တစ်ပါတီ နာမည်အားယူသုံးခြင်း နှင့် အုပ်စုများ ကွဲနေခြင်းကြောင့် လူဘောင်သစ်၏ဒီမိုကရက်တစ်ပါတီ အခြင်းခြင်း အငြင်းပွားဖွယ်ရာ ကိစ္စရပ်များ ပေါ်ပေါက်နေကြောင်း အဆိုပါ အစည်းအဝေးမှထပ်မံသိရသည်။

“အတက်နိုင်ဆုံးတော့ ညှိမှာပါ တကယ်လို့ ညှိလိုမှမရဘူးဆိုရင် ကျွန်တော်တို့ လည်း အခြားပါတီ နာမည်နဲ့ မှတ်ပုံတင်ပြီးတော့ ၀င်ပြိုင်မှာပါ သူတို့ ကိုလည်း လူဘောင်သစ်၏ဒီမိုကရက်တစ်ပါတီ ပါတီနာမည်ကို ပေးသုံးမှာ မဟုတ်ပါဘူး တကယ်လို့ သူတို့ အနေနဲ့  သုံးစွဲတယ်ဆိုရင် တရားစွဲမှာပါ ”ဟု လူဘောင်သစ်ဒီမိုက ရက်တစ်ပါတီမှ ကိုအောင်ဇေယျက ထကပ်လောင်း ပြောဆိုသည်။

လူဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ထိုင်းနိုင်ငံမဲဆောက်မြို့ အခြေစိုက်သော ဦးအောင်မိုးဇော် ဦးဆောင်သော လူဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖွဲ့ ကျောင်းသားလက်နက်ကိုင် တပ်ဖွဲ့ ABSDF မှ ကိုငွေလင်းဦး ဆောင်သော လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ မြန်မာနိုင်ငံတွင် ကျန်ရှိခဲ့သော  ဦးအောင်ဇေယျ ဦးဆောင်သော လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီအဖွဲ့ တို့သည် ကွဲပြားနေကြောင်း သိရသည်။

ယင်းကဲ့သို့  ပါတီအမည် နာမ တစ်ခုထဲဖြင့် အုပ်စု ၃ ခုကွဲနေခြင်းနှင့် ပတ်သက်၍ လူဘောင်သစ်ဒီမိုက ရက်တစ်ပါတီအား ထူထောင်ခဲ့သူ ဦးမိုးသီးဇွန်က “ ဒီလိုကွဲပြားနေတာကတော့ မဖြစ်သင့်ဘူး ဒီအကျင့်တွေကိုလည်း ပြင်သင့်ြ့ပီ ဒီအချိန်မှာ ၃ ဖွဲ့ကွဲတယ်ဆိုတာ မဖြစ်သင့်ပါဘူး ” ဟု ပြောသည်။

ယခုလက်ရှိအချိန် တွင် ဦးအောင်မိုးဇော် ဦးဆောင်သော လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ အဖွဲ့သည် ပါတီမှတ်ပုံတင်ရန်အတွက် ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်အား မှတ်ပုံတင်ပေးရန် တင်ပြထားကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age