အလားဂျစ်မထစေဖို့ နည်းလမ်းများ

ပို့စ်တင်ချိန် - 1/03/2014 10:58:00 AM


(၁) ကီဝီသီးစားပါ
ကီဝီသီးမှာ ဗိုက်တာမင်စီ ပါဝင်ပြီး ဓါတ်မတည့်ခြင်းကြောင့် ထွက်လာတဲ့ ဟစ္စတာမင်းဓါတ်တွေကို ချေ ဖျက်နိုင်ပါတယ်။ အလားဂျစ်  (allergic)  မကြာခဏထတတ်သူတွေ မှာဗိုက်တာမင် C အားဆေးသောက် သုံးဖို့လိုပါတယ်။

(၂) လေသန့်စင်စက်တပ်ပါ
လေသန့်စင်စက်တွေဟာ လေအေးပေးနိုင်ရုံသာမက မှိုမတက်နိုင်အောင် စိုထိုင်းဆကိုလျှော့ချပေးပါတယ်။ လေအေးပေးစက်၊ လေသန့်စက်တွေရဲ့ ဇကာကိုတော့မကြာခဏ သန့်စင်ဖို့တော့လိုပါတယ်။ ဇကာမှာ မှိုစွဲလျှင်တော့ တစ်ချိန်လုံးအလား ဂျစ်ထနေမှာဖြစ်ပါတယ်။

(၃) အမဲသား၊ ၀က်သားထက် ကြက်သားပိုစားပါ
အမဲသား၊ ၀က်သားတို့မှာပါတဲ့ ဧကမပြည့်ဝဆီ (monounsatura ted fat) တစ်မျိုးဖြစ်တဲ့ Oleic acid  ကို အသွင်ပြောင်းအဆီ (trans fat)  ဖြစ်သွားတဲ့အခါ အလားဂျစ်ထနှုန်း သုံးဆပိုဖြစ်စေပါတယ်။

(၄) အိမ်အပြင်မှာ ဖိနပ်စင်ထားပါ
မိသားစုနှင့်ဧည့်သည်တွေ အိမ်အပြင်မှာပင် ဖိနပ်ချွတ်ပြီးထားနိုင်ဖို့ စင်တစ်ခုလုပ်ထားပေးပါ။ အိမ်ထဲမှာ စီးဖို့ ဖိနပ်ပါးလေးတွေ သပ်သပ်ထားပေးပါ။ သင်ဟာ ဖုန်၊ မှုန်တွေနှင့် ဓါတ်မတည့်သူဆိုလျှင် ထိုသို့စီစဉ် ပေးဖို့လိုပါတယ်။

(၅) အိပ်ရာခင်းကို ရေနွေးနှင့် အပတ်စဉ်လျှော်ပါ
မှို၊ ဖုန်၊ မှုန်များကို အိပ်ရာပေါ်မှ ရှင်းထုတ်ရန်အကောင်းဆုံးနည်းမှာ ရေနွေးနှင့်လျှော်ခြင်းဖြစ်သည်။

(၆) ခြေသုတ်ဖုံကို ပလတ်စတစ်အမျိုး အစားသုံးပါ
သဘာဝအတိုင်း ပြုလုပ်ထားတဲ့ အုန်းဆံခြေသုတ်ဖုံဟာ ယင်ကောင်တွေ၊ဖုန်တွေ၊ မှိုတွေလာရောက် တွယ်ကပ်နိုင်ပါတယ်။
သီဟ
Ref:RD
Health Updates Journal