လက်ရွေးစင် ယူ-၁၆ အသင်းအတွက် ကစားသမားများ ရွေးချယ်မည်

ပို့စ်တင်ချိန် - 1/06/2014 08:30:00 AM


၂၀၁၃ အာဆီယံ ယူ - ၁၅ ပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရသည့် လူငယ်ကစားသမားအချို့ ဓာတ်ပုံ - မင်းကိုဇင်
မြန်မာ့လက်ရွေးစင် ယူ -၁၆ အသင်းအတွက် ကစားသမားရွေးချယ်မှုများကို အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဇုန်နှစ်ခုခွဲ၍ ဇန်န၀ါရီတတိယပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် လာမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ရွေးချယ်မည့် အဆိုပါကစားသမားများအား ဘောလုံးကျွမ်းကျင်မှုအပြင် အသက်မှန်ကန်မှုရှိရေးအတွက်ကိုပါ စိစစ်ရွေးချယ်သွားမည်ဖြစ်aကြာင်း သတင်းရရှိသည်။
““လာရောက်ရွေးချယ်ခံမယ့် ကစားသမားရဲ့ အသက်မှန်ကန်မှုအတွက် မှတ်ပုံတင်နဲ့ အဓိက စစ်ဆေးသွားမှာပါ။ ပထမအဆင့်အနေနဲ့ ပဏာမလက်ရွေးစင်ကစားသမား ငါးဆယ်လောက် ရွေးချယ်သွားဖို့ စီစဉ်ထားပါတယ်”” ဟု ကစားသမားaရွးချယ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကစားသမားရွေးချယ်ရေး ကော်မတီတွင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း နည်းပြအဖြစ် တာဝန်ယူမည့် ဘူလ်ဂေးရီးယားနိုင်ငံသား နည်းပြမ င်ကော့ဗ်စကီး အပါအ၀င် အဖွဲ့ချုပ်မှ နည်းစနစ် ဒါရိုက်တာများနှင့် အခြားတာဝန်ရှိသူများ ပါဝင်မည်ဖြစ်သည်။
အဆိုပါ ကစားသမားရွေးချယ်မှုကို အထက်မြန်မာပြည်အတွက် မန္တလေးမြို့ ဘောလုံးအကယ်ဒမီတွင် ဇန်န၀ါရီ ၁၅ နှင့် ၁၆ ရက်များတွင်လည်းကောင်း၊ အောက်မြန်မာပြည်အတွက် သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁) နှင့် (၂)တို့တွင် ဇန်န၀ါရီ ၁၈ နှင့် ၁၉ ရက်များတွင်လည်းကောင်း နံ နက် ၇ နာရီမှ စတင်ကာ ပြုလုပ်သွားမည်ဖြစ်သည်။
လူငယ်ဘောလုံးသမားများအနေဖြင့် ရွေးချယ်မှုပြုလုပ်မည့်ရက်များတွင် စာရင်းပေးသွင်းကာ ရွေးချယ်မှု ပြုလုပ်နိုင်ကြောင်း တာဝန်ရှိသူကဆိုသည်။ လာရောက်ရွေးချယ်ခံသူများအနေဖြင့် ၁၉၉၈ ခုနှစ်နှင့် နောက်ပိုင်း မွေးဖွားသူဖြစ်ရမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
7 Day Daily