ဆီးဂိမ်းဖွင့်ပွဲလို ခမ်းနားမည်ဟု ပြောထားသည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲလက်မှတ်နှင့် ပြိုင်ပွဲကြည့်ရှုခွင့်ကတ်များ ၀ယ်ယူနိုင်ပြီ

ပို့စ်တင်ချိန် - 1/09/2014 03:30:00 PM


(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲလက်မှတ်များ၊ ပြိုင်ပွဲကြည့်ရှုရန် ဝင်ခွင့်ကတ်များကို ဝယ်ယူရရှိနိုင်ကြောင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲလက်မှတ်များကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှ စတင်ကာ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း Accreditation Center ၌ စတင်ဝယ်ယူနိုင်သည်။ ပိတ်ပွဲလက်မှတ်များကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစတင်ကာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Accreditation Center ၌ စတင် ဝယ်ယူနိုင်သည်။ လက်မှတ်ဝယ်ယူရာတွင် မှတ်ပုံတင်ယူဆောင်လာရန် လိုအပ်ပြီး မှတ်ပုံတင်တစ်ခုလျှင် လက်မှတ် နှစ်စောင်နှုန်း ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

 အသက် ၅ နှစ်အောက် ကလေးငယ်များ လက်မှတ် ဝယ်ယူရန် မလိုအပ်ပါ။ ဖွင့်ပွဲ၊ ပိတ်ပွဲလက်မှတ်ဖြင့် ကွင်းအတွင်း ဝင်ရောက်နိုင်သည်။ AU Card ပြုလုပ်ပေးမည့် အစီအစဉ်မှာ သက်ဆိုင်ရာ အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးနိုင်ရန်အတွက် ပရိသတ်များ အနေဖြင့် ဝင်ခွင့်ကတ်များ ပြုလုပ်ရန် လိုအပ်ပြီး အဆိုပါ ဝင်ခွင့်ကတ်များကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၈ ရက်မှစတင်ပြီး ဝဏ္ဏသိဒ္ဓိ အားကစားကွင်း Accreditation Center ၌ စတင်ဝယ်ယူနိုင်မည် ဖြစ်သည်။ အဆိုပါ “AU Cards များကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှစတင်ပြီး ဝဏ္ဏသိဒ္ဓိ အားကစားကွင်း Accreditation Center၊ ဂိတ်အမှတ်(၂)၊ ဂိတ်အမှတ်(၄)နှင့် ဂိတ်အမှတ်(၅) တို့တွင်လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
khit lu nge