အင်ဒိုနီးရှားနိုင်ငံ မြစ်ကူးတံတားပြတ်ကျမှုကြောင့် ကလေး ၂ ဦး သေဆုံး

ပို့စ်တင်ချိန် - 1/23/2014 08:30:00 AM


အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ခရိုင် စီရန်မြို့က စီဘန်တန်မြစ်ကူးတံတားဟာ ဇန်န၀ါရီလ ၂၁ ရက်က ပြတ်ကျခဲ့လို့ အနည်းဆုံး ကလေး ၂ ယောက် သေဆုံးပြီး လူအတော်များများ ပျောက်နေဆဲပါ။

အမျိုးသား ကပ်ဘေးစီမံခန့်ခွဲရေးအေဂျင်စီက တံတားပြိုကျချိန်မှာ လူဒါဇင်နဲ့ချီပြီး တံတားပေါ်မှာ ရှိနေခဲ့လို့ ရေစီးထဲ ဇောက်ထိုးကျခဲ့တယ်လို့ ဆိုပါတယ်။ လူတွေဟာ တံတားအောက်မှာ ဖောင်လုပ်နေတာကို ကြည့်ဖို့ ရပ်နေခဲ့ကြတာလို့ အစီရင်ခံထားပါတယ်။

လူတွေရဲ့ အလေးချိန်ကြောင့် တံတားပြိုကျတာလို့ ယုံကြည်ကြပါတယ်။ ရဲတွေနဲ့ ဒေသခံတွေက ရေစီးသန်တဲ့ မြစ်ထဲ ကျသွားတဲ့လူတွေကို ကယ်ဖို့ ကယ်ဆယ်ရေးသမားတွေကို ကူညီခဲ့ကြပါတယ်။

မြစ်ထဲကို ကျသွားတဲ့ လူအယောက် ၄၀ လောက်ရှိ တယ်လို့ အမျိုးသား ကပ်ဘေးစီမံခန့်ခွဲရေး အေဂျင်စီက ပြောပါတယ်။

DVB Burmese