မတွဲသင့်သောအ ရာများ အပိုင်း( ၁ )

ပို့စ်တင်ချိန် - 1/27/2014 02:04:00 PM


၁။ လူငယ်သဘာဝအရ ရည်းစားဘဝတွင် အချစ်နဲ့ကာမမရောသင့် ။
ပြဿ နာရှုပ်တတ်သည်

၂။ဝန်ထမ်းဆောင်ရာတွင် တာဝန် နှင့် လူမှုရေး မရောသင့်။
( မျက်နှာပျက်ရတတ်သည် )

၃။ အလုပ်လုပ်ရာတွင် စာအုပ်ထဲကအတိုင်းနှင့် လက်တွေ့မလုပ်သင့်
( လုပ်ငန်းမအောင်မြင် ဖြစ်ရတတ်သည် )

၎။ ပေါင်းသင်းဆက်ဆံရာတွင် ခင်မင်မှု နှင့် ငွေကြေးမရောသင့် ။
(ငွေကြေးဆုံးရှုံးရတတ်သည် - မျက်နှာပျက်ရတတ်သည် )

၅။ အိမ်ထောင်ရေးတွင် အိမ်ထောင်ရေး နှင့် ဆွေမျိုးရေးကိစ္စမရောသင့်
( ဇာတ်လမ်းရှုပ်တတ်သည် )

၆။ ရုံးကိစ္စဆောင်ရွက်ရာတွင် ရုံးကိစ္စ နှင့် အိမ်တွင်းရေးကိစ္စ မရောသင့်
တာဝန်ထိခိုက်တတ်သည်

၇။ ကိုယ့်ပညာကို အသုံးပြုရာတွင် ပညာ နှင့် မာန မရောသင့်
( အမှားတွေ့ရတတ်သည် )

၈။ လုပ်ငန်းဆောင်ရွက်ရာတွင် သခင် နှင့် ကျွန် မရောသင့် ။
စော်ကားခံရတတ်သည် - ကမ်းတက်တတ်သည်

၉။ မွေးမြူ ရေးတွင် လူ နှင့် အဆိပ်ရှိတဲ့သတ္တဝါ မရောသင့် ။
အန္တရာယ်ဖြစ်တတ်သည်

၁၀။ လူလူချင်းဆက်ဆံရာတွင် ပညာရှိ နှင့် လူမိုက် မရောသင့် ။
( အကျိုးယုတ်တတ်သည် )

၁၁။ ပေါင်းသင်းဆက်ဆံရေးတွင် သူတော်ကောင်း နှင့်သူယုတ်မာ မပေါင်းသင့် ။( အကျိုးပျက်စီးတတ်သည် )

၁၂။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်ယောင်္ကျား နှင့် အိမ်ထောင်ရှင်မိန်းမ မရောသင့် ။( မှားယွင်းတတ်သည်

၁၃။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်မိန်းမ နှင့် လူပျို မရောသင့် ။( မှားယွင်းတတ်သည် )

၁၄။ ဆွေမျိုးမတော်စပ်သည့် အိမ်ထောင်ရှင်ယောင်္ကျား နှင့် အပျို မရောသင့် ။ မှားယွင်းတတ်သည်

၁၅။ တရားအားထုတ်ရာတွင် ရဟန်း နှင့် မာတုဂါမ မရောသင့် ။
( တရားပျက်တတ်သည် - အပါယ်ရောက်တတ်သည် )

၁၆။ တရားအားထုတ်ရာတွင် ရဟန်း နှင့် ရဟန်းမ( သီလရှင် ) မရောသင့်။
( တရားပျက်တတ်သည်- အပါယ်ရောက်တတ်သည် )

၁၇။ တရားအားထုတ်ရာတွင် ရဟန်းမ ( သီလရှင် ) နှင့် ဒကာ မရောသင့် ။
( တရားပျက်တတ်သည်-အပါယ်ရောက်တတ်သည် )

၁၈။ တရားအားထုတ်ရာတွင် ဒကာ နှင့် ဒကာမ မရောသင့် ။( တရားပျက်တတ်သည်- အပါယ်ရောက်တတ်သည် )

၁၉။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာအက နှင့် အနောက်တိုင်းအက မရောသင့် ။( ရိုးရာယဉ်ကျေးမှုပျက်တတ်သည် )

၂၀။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာအတီးအမှုတ် နှင့် အနောက်တိုင်းအတီးအမှုတ်မရောသင့် ။ ရိုးရာယဉ်ကျေးမှုပျက်တတ်သည် )

၂၁။ အနုပညာပိုင်းတွင် မြန်မာ့ရိုးရာသီချင်း နှင့် အနောက်တိုင်းသီချင်းတို့ မရောသင့်။( ရိုးရာယဉ်ကျေးမှုပျက်တတ်သည် )

၂၂။ တရားစီရင်ရာတွင် ဥပဒေ နှင့် ခင်မင်မှုမရောသင့် ။
( တာဝန်ထိခိုက်တတ်သည် - မှားတတ်သည် - အကျင့်ပျက်တတ်သည်

၂၃။ ဘာသာရေးတွင် ဘာသာရေး နှင့် စီးပွားရေး မရောသင့် ။
( ဘာသာရေးထိခိုက်တတ်သည် )

U Dhammar Nan Da ၏ စာမျက်နှာမှ ကူးယူသည်။ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
အင်းလေးမီဒီယာ