စစ်တွေတွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး အန္တရာယ်ပြုခံရပြီး သေဆုံး

ပို့စ်တင်ချိန် - 1/03/2014 08:15:00 AM


ရခိုင်ပြည်နယ် စစ်တွေမြို့က တရုတ်သင်္ချိုင်း အုတ်ဂူတွေကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တဲ့ ဘင်္ဂါလီ ၆ ဦးကို တားဆီးတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်အန္တရာယ်ပြုခံခဲ့ရတဲ့ အတွက် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာလကုန်က ဘင်္ဂါလီတွေက အုတ်ဂူတွေကို ဖျက်ဆီးနေတာကို တားမြစ်ဖို့အတွက် သွားရောက်ခဲ့သူ ၂ ဦးကို အကြမ်းဖက် တုံ့ပြန်ခဲ့တဲ့အတွက် အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူ ၆ ဦး အနက် ၂ ဦးကို ဖမ်းဆီးထားပြီး ၄ ဦးလွတ်မြောက်နေတယ်လို့ ရဲမှူးချုပ် ၀င်းခေါင်က ဒီဗွီဘီကို ပြောပါတယ်။

လွတ်မြောက်နေတဲ့သူတွေကို ဖမ်းဆီးဖို့ ကြိုးစားနေသလို ဖမ်းဆီးရမိတဲ့သူတွေကိုလည်း ဥပဒေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ယူနီဖောင်းအပြည့်အစုံနဲ့ တာဝန် ၀တ္တရားကို ထမ်းဆောင်ဖို့ သွားရောက်စဉ်မှာ အခုလို ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
DVB Burmese