"သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု .... အလိုမရှိ"

ပို့စ်တင်ချိန် - 1/08/2014 06:00:00 AM

ဒီမနက် ရန်ကုန်မြို့လယ်က ဆန္ဒပြပွဲကို ဦးဆောင်သူတွေကတော့ စာနယ်ဇင်းသမားများ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု .... အလိုမရှိ၊
လွတ်လပ်စွာ သတင်းရယူခွင့်ပြုရေး ... ဒို့အရေး၊
မှန်ကန်တဲ့ တရားစီရင်ရေး ... ချက်ချင်းလုပ်ဆောင်ပေး ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆန္ဒပြနေကြတာပါ။

ဆန္ဒပြရခြင်းအကြောင်းရင်းက ကယားပြည်နယ်မှာ သတင်းထောက်တဦး ထောင်သုံးလချခံရမှုနဲ့ပတ်သက်ပါတယ်။ ဒီအကြောင်း မြန်မာ ဂျာနယ်လစ်ကွန်ရက်က ကန့်ကွက်ချက် ထုတ်ထားပါတယ်။ ကန့်ကွက်ချက်ကို http://blog.irrawaddy.org/2014/01/blog-post_3019.html မှာ ဖတ်နိုင်ပါတယ်။

မနက် ၉ နာရီ မထိုးခင်ကတည်းက သတင်းသမားအများအပြား ရန်ကုန်မြို့လယ် မဟာ ဗန္ဓုလ ပန်းခြံ ဘေးမှာ စုဝေးနေကြတာပါ။ သိပ်မကြာခင်မှာပဲ ရှေ့နေများကွန်ရက် နဲ့ အဖွဲ့အစည်းတချို့က ကိုယ်စားလှယ်များလည်း ပူးပေါင်း ဆန္ဒဖော်ထုတ်ဖို့ ရောက်လာကြတာ တွေ့ရပါတယ်။

အဲဒီနေရာမှာ ဆန္ဒပြရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောဆိုကြအပြီးမှာ ဆူးလေဘုရားလမ်းအတိုင်း ချီတက်သွားခဲ့ကြပါတယ်။

ဆန္ဒပြသူအများအပြား ဝတ်ဆင်ထားကြတဲ့ တီရှပ်အနက်ရောင်မှာ လွတ်လပ်စွာ သတင်းရယူခွင့်သည် ဒီမိုကရေစီ၏အသက်ဖြစ်သည်၊ သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု အလိုမရှိ ဆိုပြီး ဖော်ပြ ပုံနှိပ်ထားတာ တွေ့ရပါတယ်။


MDCF အဖွဲ့မှ ဦးထင်ကျော်နှင့်လုပ်ဖော်ကိုင်ဘက်တချို့လည်း စာနယ်ဇင်းသမားများ ချီတက်ဆန္ဒပြမှုတွင် ပါဝင်ခဲ့ကြသည်