ကြံရိတ်သိမ်းချိန်ရောက်ရှိလာသော်လည်း ကြံသကာချက်လုပ်ခြင်းထက်ထက် သကြားစက်ရုံများသို့ ကြံသွင်းခြင်းအား တောင်သူများပိုမိုစိတ်ဝင်စားလာ

ပို့စ်တင်ချိန် - 1/01/2014 10:45:00 PM


အောင်လံ၊ ဇန်နဝါရီ ၁။

အောင်လံမြို့နယ် အတွင်း ကြံရိတ်သိမ်းရာသီရောက်ရှိလာပြီဖြစ်သော်လည်း ကြံစိုက်တောင်သူအများစုမှာ သကြားစက်ရုံများသို့ ကြံရောင်းချခြင်းကို ကြံသကာချက်လုပ်ခြင်းထက်  ပိုမိုစိတ်ဝင်စားလာကြကြောင်း အောင်ညီသာကျေးရွာနေ ကြံစိုက်တောင်သူတစ်ဦးကပြောသည်။

“ ကြံသကာချက်တာက အဆင့်ဆင့် ဆက်လုပ်နေရသေးတယ်လေ၊  အရည်ကြိတ်တာ ပြီးတော့ချက်ရတာနဲ့  ချက်ခြင်းမဖြစ်ဘူးလေ၊ နောက်ဈေးကလည်း မငြိမ်တော့ စိုးရိမ်ရတယ်၊ မြတ်ချင်လည်း အရမ်း၊မနှစ်ကတော့ ရှုံးတယ်လေ၊” ဟု အောင်ညီသာကျေးရွာနေ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

သကြားစက်ရုံများသို့ ကြံပေးသွင်းခြင်းမှာ ပြီးခဲ့သောနှစ်ကစ၍ ဈေးနှုန်းများမြင့်ပေးလာသောကြောင့် ကြံစိုက် တောင်သူများတွက်ချေကိုက်ခဲ့ကြောင်းလည်း သိရပါသည်။

“မနှစ်ကစပြီး ကြံတစ်တန် (၃)သောင်းပေးလာတော့ ၊ စိုက်ရတာ ကိုက်လာပါတယ်၊ အထွက်နှုန်းလေးကလည်း ကောင်းလာရင်တော့ ပြေလည်တာပေါ့” ဟု လက်ပန်ကန်ကျေးရွာကြံတောင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ကြံစိုက်တောင်သူများအတွက် ကြံစိုက်ပျိုးစရိတ် ချေးငွေအဖြစ် တစ်ဧကလျှင်(၁)သိန်းနှုန်း ဘဏ်ချေး ငွေထုတ်ချေးပေးခြင်းကလည်း ကြံစိုက်တောင်သူများအဖို့ အဆင်ပြေစေကြောင်းလည်း ၎င်းကပင်ပြောပြသည်။

“နောက်ပြီး ဒီနှစ်တော့ စက်ရုံကလည်း ကြံခုတ်စရိတ်ကြိုတင်ပေးတော့ ပိုအဆင်ပြေတာပေါ့” ဟု တောင်သူတစ် ဦးကပြောပြပါသည်။

သို့သော် ကြံခုတ်ပြီးသားများအား အချိန်မှီလာရောက် တင်ဆောင်မှုမရှိခြင်းကတော့ ကြံစိုက်တောင်သူများအဖို့ များစွာနစ်နာမှုများဖြစ်နေသည်ဟုလည်း ကြံစိုက်တောင်သူအချို့က ပြောသည်။

“ ခုတ်ပြီးရင် မြန်မြန်စက်ရုံရောက်မှ အချိန် မလျှော့တာလေ၊ ခုတ်ပြီးလာမတင်လို့ အခင်းထဲမှာကြာနေရင်တော့ အရည်ခမ်းကုန်တော့ အချိန်လျှော့တာပေါ့” ဟုပြောပြပါသည်။

ခုတ်ချိန်ရောက်နေပြီဖြစ်သောကြံခင်းပိုင်ရှင်များအဖို့လည်း ယခုဇန်န၀ါရီလသည်သာလျှင် နောက်ဆုံးခုတ်သင့် သည့် အချိန်ဖြစ်ကြောင်းလည်း ပြောသည်။ ဆောင်း၏ အအေးဓါတ်များ မကုန်ဆုံးမီ အမြန်ဆုံးခုတ်နိုင်မှသာ ကြံများ အရည်ခန်းခြောက်၍ အလေးချိန်လျှော့ခြင်း အရည်အသွေး ကျဆင်းခြင်းဘေးမှ  ရှောင်နိုင်မည်ဖြစ် ကြောင်း လည်း ပြောသည်။

လင်းသက်
The Myanma Age