မှိုချဉ်စပ်ဟင်း

ပို့စ်တင်ချိန် - 1/14/2014 03:16:00 PM


Oyster Mushroom - ၁ ထုပ် ရေဆေးပြီး ဆား အရသာမှုန့် အနည်းငယ်နယ်ထားပါ။
ကြက်သွန်နီ ငရုတ်သီးအစိမ်းတောင့် တို့ကိုထောင်းထားပါ။ ဒယ်အိုးထဲဆီနဲနဲထဲ့ကာ ထောင်းထားတာကိုဆီသတ်ပါ ငပိအနည်းငယ်ကိုလဲဆီသတ်ပေးပါ။ ဟင်းခတ်အတွက် ဒီဟင်းထဲမှာ ငါးပြုပ်ပြီး အသားနွင်ထားတာကို ထဲ့ထားပါတယ်။ ကြက်အရိုးနဲ့လဲချက်စားနိုင်ပါတယ်။ ပြီးတော့ မှိုထဲ့ပြီးမွှေပေးပါ။ ပါးပါးလှီးထားတဲ့ မုန်လာဥနီနဲနဲ မကျည်းသီးအနှစ် နံနံပင်ထဲ့ပြီး ခဏလောက်အုပ်ထားပြီးရင် မီးပိတ်လိုက်ပါ။
လွယ်ကူပြီး အချိန် ၁၀ မိနစ်ထက်မပိုတဲ့ဟင်းတခွက်ရပါပြီ။ တခါတလေ ဘာချဉ်ဟင်းချက်ရ ကောင်းမလဲ စဉ်းစားနေတဲ့ အိမ်ရှင်မများအတွက် အရသာရှိတဲ့ မှိုချဉ်စပ်ဟင်းရည်ပါ။

မွန်မလက်ရာ