ဆိုတေး သီချင်းပြန်ဆိုပြီ

ပို့စ်တင်ချိန် - 1/28/2014 02:26:00 PM




၂ဝ၁၃ ခုနှစ်ကုန်ပိုင်းမှာ ကား မတော်တဆဖြစ်မှုကြောင့် အနုပညာ အလုပ်တွေနဲ့ဝေးကွာ ခဲ့တဲ့ဆိုတေး ဟာ အခု ၂ဝ၁၄နှစ်ဆန်းပိုင်းမှာတော့ အနုပညာအ လုပ်တွေ ပြန် လည်ပြု လုပ်ဖြစ်နေပါတယ်။ ကျန်းမာရေး အတန်ငယ်ကောင်းမွန်လာတဲ့ ဆိုတေး က ဇန်နဝါရီလ ၂၄ရက်နေ့က ဖိုးချစ် နဲ့အတူ သီချင်းသီဆိုခဲ့ပြီး ၂ဝ၁၄ သင်္ကြန်အတွက် ထွက်ရှိမယ့်သင်္ကြန် စီးရီးမှာလည်း ပါဝင်သီဆိုမယ်လို့ သိရပါတယ်။

ဆိုတေးရဲ့ ကျန်းမာရေးအခြေ အနေက အခုအချိန်မှာ ပိုမိုကောင်း မွန်လာပြီဖြစ်တာကြောင့် သူ့ရဲ့ ဒုတိယတစ်ကိုယ်တော်စီးရီးကိုလည်း ၂ဝ၁၄ အတွင်းမှာ အမြန်ဆုံး ထွက် ရှိနိုင်အောင်ပြုလုပ်သွားမယ်လို့ဆို တေး ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း မှ သိရပါတယ်။

P-054

Popular Journal