အမြန်လမ်းတွင်တစ်ချို့နေရာများယို့ယွင်းပျက်စီးလာပြီ

ပို့စ်တင်ချိန် - 1/09/2014 12:20:00 PM







၁။ မန္တလေးနှင့်ပြင်စည်လမ်းခွဲ(မြင်းခြံ)အတွင်းဖြစ်သည်။

၂။ လမ်းတွင်ကွဲအက်ကြောင်းများ၊လမ်ဘေးကာတွင်ကွဲအက်
နေမှုများ၊ကျင်း၊ဂလှိုဏ်များအချို့နေရာများတွင်ဖြစ်ပေါ်နေသည်
ကိုတွေ့ရှိရပါသည်။

၃။ အောက်ခံမြေအမာခံမရှိခြင်းကြောင့်တစ်ချို့နေရာများတွင်
လမ်းလှိုင်းထနေသည်။

၎။ တစ်ချို့နေရာများတွင်စတင်ပြုပြင်နေသည်တွေ့ရှိခဲ့ရသော်
လည်း ကျန်နေရာများတွင်အလံတိုင်ဖြင့်မှတ်သားပြသထားသည်
ကိုတွေ့ရှိရပါသည်။

၅။ ယခုအချိန်မှစတင်ပြီးအမြန်ဆုံးနေရာအနှံ့တစ်ပြိုင်ထဲလုပ်ကိုင်
ပြုပြင်မှသာကောင်းမွန်ပါလိမ့်မည်။ မလုပ်ကိုင်နိုင်ပါကအပျက်အစီး
ကြီးမားကြီးထွားလာပါလိမ့်မည်။

၆။ အမြန်လမ်းသွားလာအသုံးပြုမည့်သူများအတွက်အကြံပြုချက်-
(က) ညမသွားပါကအကောင်းဆုံးဖြစ်ပါသည်။
(ခ) ကားအားစစ်ဆေးပြုပြင်ပြီးမှခရီးထွက်ခွာပါ။
(ဂ) အရက်သောက်စားပြီး၊အိပ်ငိုက်ပြီးမမောင်းပါနှင့်။
(ဃ) ကီလိုမီတာ(၁၀၀) မိုင်(၆၀)ထက်ပိုမမောင်းပါနှင့်။
(င) တစ်ချို့သောယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊လူ့စည်းကမ်း
နားမလည်၊ မလိုက်နုာသောလူများ၏ ပြုမူဆောင်ရွက်ချက်နှင့်
အမြန်လမ်းမကြီး၏ လိုအပ်ချို့ယွင်းချက်များပေါင်းစပ်ဖြစ်ပေါ်
သွားပါက နောက်ဆက်တွဲအကျိုးဆက်သည်အလွန်ဆိုးရွား
သွားနိုင်ပါသည်။

ရ။ ကံသာအမိ၊ကံသာအဖ မိမိကိုယ်သာထိန်းသိမ်းဂရုစိုက်သွားလာကြ
ပါရန်တင်ပြပေးလိုက်ပါသည်။

Ko Aung Yatanar
Car Market in Myanmar