ဒီပွဲဟာတခြား ဘာသာကို စော်ကားဖို့ လုံးဝ မဟုတ်ပါဘူး ကိုယ့်ဘာသာသနာကို အသက်ပေးပြီး ရဲရဲဝံ့ဝံ့ ကာကွယ်စောင့်ရှောက်သွားမယ်

ပို့စ်တင်ချိန် - 1/02/2014 02:30:00 PM


ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ရွှေမြင်းဝန်စေတီတော်ဓမ္မရုံကြီး ၌ ဒီဇင်ဘာ ၂၅၊ မွန်းလွဲ ၁၂ နာရီ မြ၀တီမြို့၊အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအသင်းကြီးက ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ရာဦးဃောသိတ(BGF 1022တပ်ရင်းမှူးမုတ်သိုလ်)နှင့်ဦးသော ဘိတ (KNUဗိုလ်ကြီးဟောင်း) တို့တက်ရောက်ကာအမျိုးဘာသာသာသနာစောင့်ရှောက်ရေးနှင့် ပတ်သက်၍ကိုယ့်လူမျိုးကိုယ့် ဘာသာကိုရဲရဲဝံ့ဝံ့ကာကွယ်စောင့်ရှောက်သွားမယ်ဟု ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

မြ၀တီမြို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကြီးမှ ကျင်းပပြုလုပ်သော ပထမ အကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ ဦးဃောသိတ (BGF 1022 တပ် ရင်းမှူးမုတ်သိုလ်) က မိန့်ကြား ရာတွင် ““ယနေ့ ဦးဇင်းပြောလို တာက မည်သည့်အဖွဲ့အစည်းကို မဆိုအမုန်းတရားနဲ့ ပြောလိုတာ မဟုတ်ပါဘူး။ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံအတွက်သာ ရည်ရွယ်ပြီးပြောတာဖြစ်တယ်။ ဦးဇင်းအနေနဲ့ အမျိုးဘာသာ သာသနာနဲ့ပတ်သက်လို့ သိ သလောက်၊ မှတ်သလောက်ပြော ရမယ်ဆိုရင် ဆရာတော်၊ သံဃာ တော်များကို (၉၆၉)နှင့်ပတ်သက် ပြီး တချို့က အမျိုးမျိုးပြောကြ တာရှိတယ်။(၉၆၉)ဟာ တကယ် တော့ (၉) ဟာ ဘုရားဂုဏ်တော် (၉) ပါး၊ (၆) တရားဂုဏ်တော် (၆) ပါး၊ (၉) သံဃာဂုဏ်တော် (၉) ပါး။ ဒါက ဗုဒ္ဓဘာသာအရ ကိုးကွယ်ရမှာပဲ။အမျိုးဘာသာ သာသနာကို နာကြားကြမယ်ဆို ရင်အနာဂတ်သာသနာတော်ကြီး နှင့် တကယ်လုပ်ရမယ့် အလုပ် ဖြစ်ပါတယ်။ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးကိစ္စ မှာ ကိုယ်နဲ့မဆိုင်သလို ပေါ့ပေါ့ ဆဆမနေကြပါနဲ့။ နေလို့ရှိရင် ကြာလာတာနဲ့အမျှ ကိုယ့်လူမျိုး ကိုယ့်ဘာသာပျောက်သွားနိုင်ပါ တယ်။ဒါကြောင့် ဦးဇင်းအနေနဲ့ ကတော့အမျိုးဘာသာသာသနာ ကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးသွား မှာဖြစ်တယ်။ ဗုဒ္ဓဘာသာဖြစ်ကြ တဲ့ သက်ဆိုင်ရာတာဝန်ရှိသူများ၊အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ စိတ်မကွဲကြဖို့၊ စည်းလုံးညီညွတ် ကြဖို့၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ ထပ်တူထပ်မျှ ရှိကြဖို့ လိုအပ်ပါတယ်။ တစ်စိတ်တစ်သံတည်းရှိဖို့ အရေးကြီးပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် အမျိုးဘာသာသာသနာအတွက် ရဲရဲတင်းတင်းပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း ပြောလိုပါတယ်””ဟုမိန့်ကြားခဲ့သည်။

ထို့နောက် ဦးသောဘိတ ရွှေကျွန်းဆရာတော် (KNU ဗိုလ် ကြီးဟောင်း) က ဆက်လက်မိန့် ကြားရာတွင် ““ဒီနေ့ ကျင်းပတဲ့ပွဲ နဲ့ ပတ်သက်ပြီး ပြောကြားလိုတာ ကဘာသာကြီး (၄) ခုစလုံး ငြိမ်း ချမ်းဖို့ဖြစ်ပါတယ်။ ဒီပွဲဟာတခြား ဘာသာကို စော်ကားဖို့ လုံးဝ မဟုတ်ပါဘူး။ ဦးဇင်းလည်း အစည်းအဝေးတိုင်းမှာ ထပ်ခါထပ်ခါပြောပါတယ်။ ဗုဒ္ဓဘာသာ ဟာ ကောင်းတဲ့ဝါဒလို့လည်းပြော တယ်။ ငြိမ်းချမ်းရေးလို့လည်းပြော တယ်။ ကျင့်တဲ့အလုပ်နဲ့ ဗုဒ္ဓ လမ်းညွှန်က တခြားစီဖြစ်နေတယ်ဆိုပြီး လက်ညှိုးထိုးမခံစေ ချင်ပါဘူး။ ဘုန်းဘုန်းတို့အနေနဲ့ လည်း အဲဒီလို အနေအထား ရောက်အောင် မပို့ဆောင်ပါဘူး။ လုံးဝရှောင်ရှားပါတယ်။ ဒီနေ့ပွဲ ဟာအမျိုးကိုချစ်တယ်။သာသနာ ကိုချစ်တယ်ဆိုရင် ကိုယ့်ခြံကို ကိုယ်လုံခြုံအောင် ကာကြဖို့ပဲ ပြောချင်တယ်။ အခုလိုပြောနေ တာကိုက အကြောင်းအကျိုးရှိလို့ ပါပဲ။ဘုန်းဘုန်းတို့အနေနဲ့ကတော့ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို အသက်ပေးပြီး ကိုယ့်ခြံကိုကိုယ် လုံအောင်ကိုတော့ ရဲရဲတင်းတင်း ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းပြောလိုပါတယ်””ဟု ရှင်းလင်း မိန့်ကြားသွားသည်။

အဆိုပါ ပထမအကြိမ်အမျိုး ဘာသာသာသနာတွေ့ဆုံပွဲသို့ ကြွရောက်လာကြသည့်ဆရာတော် များ၊ တာဝန်ရှိပုဂ်္ဂိုလ်များ၊ မြို့မိ မြို့ဖများ၊ သတင်းမီဒီယာများ၊ဖိတ်ကြားထားသည့် ဧည့်သည် တော်များ (၁၀၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
စိုးဝင်းနိုင်
Hot News Journal