မီးဖွားပြီး (၂)လအကြာတွင် အလှပဆုံး ခန္ဓာကိုယ်ပြန်ရခဲ့သည့် ပင်နီလုပ်ခရုဇ်

ပို့စ်တင်ချိန် - 1/10/2014 11:37:00 AM


အသက်(၃၉)နှစ်ရှိ စပိန်သူ ရုပ်ရှင်မင်းသမီးသည် Loewe အမှတ်တံဆိပ် တန်ဖိုးကြီး ဖက်ရှင်ပစ္စည်းများအတွက် ကြော်ငြာဓာတ်ပုံ အရိုက်ခံခဲ့ရာတွင် သူမ၏ ခန္ဓာကိုယ် အလှအပကို အသားပေး ဖော်ပြသည့် ကိုယ်ဟန်မျိုး ပြသထားသည်ကို တွေ့ရှိရ


ကလေးမီးဖွားပြီး (၂)လအကြာ၌ပင် ပင်နီလုပ်ခရုဇ် အနေဖြင့် သူမ၏ ဆွဲဆောင်မှု ပြည့်ဝသော ခန္ဓာကိုယ် အချိုးအဆက်ကို နဂိုအတိုင်း ပြန်လည် ရယူနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာ ဖော်ထုတ် ပြသလာနိုင်ခဲ့သည်။ အသက်(၃၉)နှစ်ရှိ စပိန်သူ ရုပ်ရှင်မင်းသမီးသည် Loewe အမှတ်တံဆိပ် တန်ဖိုးကြီး ဖက်ရှင်ပစ္စည်းများအတွက် ကြော်ငြာဓာတ်ပုံ အရိုက်ခံခဲ့ရာတွင် သူမ၏ ခန္ဓာကိုယ် အလှအပကို အသားပေး ဖော်ပြသည့် ကိုယ်ဟန်မျိုး ပြသထားသည်ကို တွေ့ရှိရသည်။ ပင်နီလုပ်သည် သူမ၏ ခင်ပွန်းသည် ဟာဗီးယား ဘာဒမ်နှင့် ဒုတိယမြောက် ရင်သွေးလေးကို ပြီးခဲ့သည့် နှစ်လယ်က ဖွားမြင်ခဲ့သည်။


ထို့နောက် မီးဖွားပြီး (၂)လအကြာတွင် ရိုက်ထားသည့် ဖက်ရှင်ဓာတ်ပုံများကို ယခုအခါ Loeweက မိတ်ဆက် ပြသလာခြင်း ဖြစ်သည်။ သူမသည် Loewe၏ (၂၀၁၄) နွေဦးနှင့် နွေရာသီ ဖက်ရှင်အတွက် လက်ကိုင်အိတ်များကို ကြော်ငြာပေးခဲ့သည်။ ပင်နီလုပ်သည် ယင်းကြော်ငြာဓာတ်ပုံများအတွက် ဆံပင်ကို ကပိုကရို ထုံးဖွဲ့ထားပြီး မိတ်ကပ်ကိုလည်း သဘာဝဆန်ဆန်သာ လိမ်းခြယ်ထားသည်။ ဓာတ်ပုံတစ်ပုံတွင် သူမသည် အဝတ်အစား မပါဘဲ ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို လက်ကိုင်အိတ် အရောင်နုနု တစ်လုံးဖြင့် ဖုံးကွယ်ထားသည်ကို တွေ့ရသည်။



ပင်နီလုပ်နှင့် Loeweတို့၏ ဆက်ဆံရေးသည် ကောင်းမွန် ခိုင်မာနေဆဲဖြစ်ပြီး သူမအနေဖြင့် (၂၀၁၂)ခုနှစ် ကတည်းက အဆိုပါ အမှတ်တံဆိပ်၏ သံတမန်အဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ Blowစတား မင်းသမီးသည် သမီးလေး လူနာကို ဇူလိုင်လ (၂၂)ရက်နေ့က မက်ဒရစ်မြို့တွင် မွေးဖွားခဲ့သည်။ သူမနှင့် အသက်(၄၄)နှစ်အရွယ် ခင်ပွန်းသည်တို့သည် (၂၀၁၁)ခုနှစ်ကလည်း လီယိုနာဒို အမည်ရှိ သားငယ်လေးကို ဖွားမြင်ထားခဲ့သည်။
Planet Myanmar Network