မလေးသို့ တရားမ၀င်သွားသူ ဘင်္ဂလီ ၅၃ ဦးကို ဘင်္ဂလာဒေခ်ျ့ ရေတပ်မှဖမ်း

ပို့စ်တင်ချိန် - 1/06/2014 03:20:00 PM


ရခိုင်တို့က အုန်းကျွန်းဟု ခေါ်သော ဘင်္ဂလာအပိုင် စိန့်မာတင်ကျွန်း။

(နိရဉ္စရာ- ၆ ဇန်န၀ါရီ ၂၀၁၄)

ရေလမ်းကြောင်းမှ တဆင့် ပင်လယ်ပြင်ကို ဖြတ်ကာ မလေးရှားနိုင်ငံသို့ စက်လှေ တစ်စီးဖြင့် တရားမ၀င် ခိုးသွာသူ ဘင်္ဂလီ လူမျိုး ၅၃ ဦးကို ဇန်န၀ါရီလ (၅) ရက်နေ့က ဘင်္ဂလာဒေခ်ျ့ ရေတပ်က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးမိသူ ၅၃ ဦးထဲတွင် ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၄၁ ဦးနှင့် မြန်မာနိုင်ငံက၀င်ရောက်လာသူ  ၁၂ ဦးပါဝင်သည်ဟု ဘင်္ဂလာရဲက ပြောသည်။

ဖမ်းဆီးခံရသူများ အထဲတွင် လူကုန်ကူးသူနှစ်ဦးနှင့် အမျိုးသမီးများ၊ ကလေးများပါဝင်သည်ဟု ဆိုသည်။

၎င်းတို့အား  မြန်မာနယ်စပ် စိန့်မာတင်ခေါ် အုန်းကျွန်းတွင် စက်လှေတစ်စီးနှင့်အတူ ဘင်္ဂလာရေတပ်မှ ဖမ်းဆီးလိုက်ခြင်း သတင်းတွင် ဖေါ်ပြသည်။

ယခုဖမ်းဆီးမှုသည့် ၂၀၁၄ ခုနှစ် အစပိုင်းတွင် အများဆုံး ဖမ်းဆီးမိခြင်းဖြစ်သည်။

ယခုအခါ သူတို့ ၄၁ ဦးကို ဘင်္ဂလာရေတပ်မှ တက်ကနက်ရဲစခန်းသို့ လွဲပြောင်းပေးလိုက်ပြီ၊ မြန်မာနိုင်ငံမှ လာသူများကိုမူ မြန်မာဘက်သို့ ပြန်ပို့လိုက်သည်ဟု သိရသည်။
Burmesenews narinjara