ဖော်မြူလာဝမ်းပြိုင်ကား ချန်ပီယံဟောင်း မိုက်ကယ်ရှုးမေကာ အခြေအနေ စိုးရိမ်ရ

ပို့စ်တင်ချိန် - 1/01/2014 08:15:00 AM

ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာနဲ့ ဆေးရုံတင်ထားရတဲ့ ဖော်မြူလာဝမ်း ပြိုင်ကား ချန်ပီယံဟောင်း မိုက်ကယ်ရှုးမေကာရဲ့ အခြေအနေ စိုးရိမ်ဖွယ်မှာပဲ ရှိနေတယ်လို့ ဆရာဝန်ကြီးတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ပြောပါတယ်။


 ပြင်သစ်နိုင်ငံ ဖရန့်စ်အပ်စ် အပန်းဖြေစခန်းမှာ စကိတ်စီးရင်း လဲကျတဲ့ ဒဏ်ရာနဲ့ ဆေးရုံတင် ထားရတာ ဖြစ်ပါတယ်။

ရူးမေကာဟာ လဲကျတဲ့နောက်မှာ ဦးခေါင်း ဒဏ်ရာရခဲ့ပြီး အစပိုင်းမှာ သတိလစ် မေ့မျောနေခဲ့လို့ အနီးအနားက မောင့်တီယာမြို့ဆေးရုံကို ပို့ခဲ့ရပါတယ်။

အခြေအနေ မသက်သာတဲ့အတွက် ကိရိယာ ပိုပြည်စုံတဲ့ ဂရန်းနိုဗယ်ဆေးရုံကို ပြောင်းရွှေ့ခဲ့ပေမယ့် အခြေအနေက ပိုကောင်းမလာဘဲ ဆိုးရွားသွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဓာတ်မှန်မှတ်တမ်းတွေအရ ရှုးမေကာဟာ ဦးနှောက်မှာ သွေးယိုနေတယ်လို့ ဦးနှောက်နဲ့ အာရုံကြော အထူးကုဆရာဝန်ကြီး စတီဗင် ဂျက်ဘာဒက်က ပြောပါတယ်။

မိုက်ကယ် ရှုးမေကာဟာ ဖော်မြူလာဝမ်းသမိုင်းမှာ အအောင်မြင်ဆုံး ဖော်မြူလာဝမ်းပြိုင်ပွဲတွေမှာ အောင်မြင်မှု အမြင့်ဆုံးရထားသူ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် ပြိုင်ကားမောင်းခဲ့တဲ့ သမိုင်းမှာ ၉၁ ပွဲ အနိုင်ရခဲ့တဲ့ ပြိုင်ကား မောင်းသမား ဖြစ်သလို ဖော်မြူလာဝမ်းရဲ့ ချန်ပီယံအဖြစ် ၇ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။

DVB Burmese