၂၀၁၄ မှာ နိုင်ငံခြားဘဏ်များကို ၀င်ရောက်လုပ်ကိုင်ခွင့်ပေးမည်

ပို့စ်တင်ချိန် - 1/17/2014 09:00:00 AM


လာမယ့် ၂၀၁၄ ခုနှစ်မှစပြီး မြန်မာနိုင်ငံအတွင်း နိုင်ငံခြားဘဏ်တွေ ၀င်ရောက် လုပ်ကိုင်ခွင့် ပေးသွားမယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောပါတယ်။

ဇန်န၀ါရီ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၂၀၁၄ – ၁၅ အမျိုးသားဘဏ္ဍာရေး ဥပဒေကြမ်းကိစ္စ ဆွေးနွေးတဲ့အခါ သူက ခုလို ပြောသွားတာပါ။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ နည်းပညာအကူအညီနဲ့ Treasury Securities Auction ဈေးကွက်အတွက် စည်းမျဉ်းတွေကို ရေးဆွဲနေပြီး ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ်ထဲမှာပဲ စတော့ရှယ်ယာဈေးကွက် ပေါ်ပေါက်လာအောင် အကောင်အထည် ဖော်သွားမယ်လို့လည်း ပြောပါတယ်။

ဒီအတွက် ဗဟိုဘဏ်ဟာ ဗဟိုဘဏ်နည်းဥပဒေ ပေါ်ပေါက်လာအောင် ရေးဆွဲနေတယ်လို့ လည်း ဒေါ်ခင်စောဦးက ပြည်ထောင်စုလွှတ်တော်မှာ  ရှင်းပြခဲ့ပါတယ်။
DVB