ဘေဆယ်လ်အသင်းရဲ့ တောင်ပံကစားသမား မိုဟာမယ် ဆာလာ ကို ချယ်လ်ဆီးအသင်း စာချုပ်ချုပ်ဆိုလိုက်ပြီ

ပို့စ်တင်ချိန် - 1/27/2014 01:08:00 PM


ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးဟာ ဘေဆယ်လ်အသင်းရဲ့ အီဂျစ်တောင်ပံကစားသမား မိုဟာမက် ဆာလာ ကို အပြီးသတ်စာချုပ်ချုပ်နိုင်ခဲ့ပြီလို့ ကလပ်အသင်းရဲ့ တရားဝင် ၀က်ဘ်ဆိုဒ်မှာ တနင်္ဂနွေနေ့ က ကြေငြာခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမား ဆာလာ ဟာ ငါးနှစ်ခွဲ စာချုပ်သက်တမ်းနဲ့ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာတာဖြစ်ပြီး ကျောနံပါတ် ၁၅ ကို ၀တ်ဆင်မှာ ဖြစ်ပါတယ်။

“ ချယ်လ်ဆီးအသင်းလို ကလပ်အသင်းကြီးတစ်သင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ရတဲ့ အတွက် အရမ်းပျော်ရွှင်မိပါတယ်။” လို့ ဆာလာ က ပြောကြားသွားပါတယ်။

ဆာလာ ဟာ ဘေဆယ်လ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပြီး ဒီနှစ်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွင်းက ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ နှစ်ပွဲလုံးမှာ ခြေစွမ်းပြကစားခဲ့သူဖြစ်ပါတယ်။ ဆာလာ ကို လီဗာပူးလ်အသင်းကလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းက လက်ဦးမှုယူနိုင်ခဲ့တာပါ။

ဒီဇန်န၀ါရီဈေးကွက်မှာ ဘင်ဇီကာက မာတစ်ကို ခေါ်ယူခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းရဲ့ ဒုတိယမြောက် ခေါ်ယူမှုလည်းဖြစ်ပါတယ်။

Ref: euronews.com
trend