ကျွန်တော့် ရဲ့အုတ်ဂူမှာ ကျေးဇူး ပြုပြီး လာ ရောက် သေးမပန်းပါနဲ့ဆိုသည့် စာတန်းများပါရေးထိုးထားသော အုတ်ဂူအပါအ၀င် အခြားအုတ်ဂူအလှဆင်သည့် လုပ်ငန်းများ ရေပန်းစားနေ

ပို့စ်တင်ချိန် - 1/11/2014 10:00:00 AM

ပြင်သစ် နိုင်ငံ က ကုမ္ပဏီ တစ်ခု ဟာ သင်္ချိုင်း တွေမှာ အုတ်ဂူ အလှ ဆင် ခြင်း လုပ် ငန်း ကို ၂၀၁၂ ခု နှစ်၊ စက်တင်ဘာလက စတင်ခဲ့ ရာမှာ ယခုအချိန်အထိ အုတ်ဂူ ၁၀၀ ကျော် ကို ၀န်ဆောင် မှု ပေး ပြီး ပြီ ဖြစ် တယ် လို့ သိရပါ တယ်။ ဒီ ကုမ္ပဏီ ဟာ သေဆုံးသွားသူတွေရဲ့ မိဘဆွေမျိုးတွေ စိတ်ကြိုက် ဒီဇိုင်းတွေကို အလှ ဖန် တီး ပေးခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သေဆုံးသူတွေအတွက် ရည်ရွယ်ပြီး စာလုံး ဒီဇိုင်းတွေကိုလည်း လှပစွာ ရေး ဆွဲပေးလေ့ရှိ ပါတယ်။ ဒီကုမ္ပဏီကို တည်ထောင်တဲ့ ဖရက်ဒီ က အုတ်ဂူအလှဆင်ခြင်းလုပ်ငန်းကို လုပ်ကိုင် ဖို့ စိတ်ကူးရခဲ့တာဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။

အုတ်ဂူတွေမှာ နှုတ်ခမ်းပုံ၊ အသည်းပုံ စတာ တွေ အပြင် “ကျွန်တော့် ရဲ့အုတ်ဂူမှာ ကျေးဇူး ပြုပြီး လာ ရောက် သေးမပန်းပါနဲ့” ဆို တဲ့ စာသားကိုလည်း ထူးခြားစွာ ရေးသား ထား သူ လည်း ရှိတယ် လို့ ဆိုပါတယ်။ အုတ်ဂူတွေ အပေါ်မှာ အလှဆင်ခြင်းပြုလုပ်ရာမှာ ဒေသ ဆိုင်ရာ အာဏာပိုင်တွေထံ ခွင့်ပြုချက်တောင်း လေ့မရှိ ကြောင်း သိရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာဖန်တီးရာမှာ တားဆီးပိတ် ပင်မှု တွေဖြစ် လာ နိုင် တာ ကြောင့် ဖြစ်ပါတယ်။ ကုမ္ပဏီ တည်ထောင်သူ ဖရက်ဒီ ကတော့ သူ့ ရဲ့လုပ်ငန်း ပြင်သစ် နိုင်ငံ တစ်ဝန်း တွင် ကျယ် လာလို့ အားရ ကျေနပ်မိ ကြောင်း၊ ဒီဇိုင်နာတွေ ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ချီုးကျူးလို ပါကြောင်း ပြော ကြားခဲ့ပါတယ်။


By Messenger