မာန်အောင်ကျွန်းမြေငလျင်ကြောများ ပြည်တွင်း/ပြည်ပပညာရှင်များ ကွင်းဆင်းလေ့လာမည်

ပို့စ်တင်ချိန် - 1/19/2014 02:15:00 PM

ရခိုင်မှ ရွံ့မီးတောင်တစ်ခု။

(နိရဉ္စရာ- ၁၉ ဇန်န၀ါရီ ၂၀၁၄)

ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနီးတ၀ိုက်ရှိ မြေငလျင်ကြောများအား ပြည်တွင်း ပြည်ပ ပညာရှင်များက များမကြာမီ ကွင်းဆင်းလေ့လာမူများ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

၎င်းလေ့လာမူကို မြန်မာမြေငလျင် ပညာရှင်များက စင်္ကာပူ၊ ထိုင်ဝမ်နိုင်ငံတို့မှ ပညာရှင်များဖြင့် ပူးပေါင်း လေ့လာမူပြုလုပ်သွားမည် ဖြစ်သည်။

မာန်အောင်ကျွန်း၏ အနီးတ၀ိုက် နေရာဒေသသည် မြေထုချပ်နှစ်ခု ထိတွေ့နေသော နေရာ တစ်ခု ဖြစ်ပြီး ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် လူပ်ခဲ့သည့် ငလျင်ကြောနှင့် ဆက်စပ်မူ ရှိကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြသည်။

ယခုလေ့လာမူကို ယခင်တွေ့ရှိချက်များနှင့် အတွေ့အကြုံများကို အခြေခံကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် မာန်အောင်ကျွန်းတွင် မီးတောင်သေများအပါအ၀င် ရွံ့မီးတောင် အများအပြားတည်ရှိပြီး ရွံ့မီးတောင်များမှာ ယခုအချိန်ထိ ပေါက်ကွဲမူများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် တည်ရှိနေသာ ၎င်းရွံ့မီးတောင်များကို ပညာရှင်များက အကြိမ်ကြိမ် လေ့လာခဲ့ကြပြီး ၂၀၁၀ ခုနှစ်က ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်း ကမ်းခြေ၊ ၂၀၁၂ ခုနှစ်က ရမ်းဗြဲကျွန်း အနီးအနားနေရာ၊ ၂၀၁၃ ခုနှစ်က ရမ်းဗြဲကျွန်း အနီးရှိ ကျွန်းများနှင့် ရွံ့မီးတောင်များကို လေ့လာခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ၂၀၁၄ တွင် မာန်အောင်ကျွန်း အနီးတစ်ဝိုက်ကို လေ့လာသွားမည် ဖြစ်သည်။

ယခု နိုင်ငံခြားမှ ပူးပေါင်းပါဝင်ကြမည့် နိုင်ငံခြား ငလျင် ပညာရှင်များမှာ   EOS (Earth Observatory of Singapore) နှင့် TNU ( Taiwan National University ) မှ ဖြစ်ကြကြောင်း သိရသည်။

Narinjara နိရဉ္စရာ