သမပိုင်အဆောက်အဦးကို ကန်ထရိုက်နဲ့ ပေါင်းပြီး ဆောက်ခဲ့မှု အသင်းသားတွေ ဆန္ဒပြ

ပို့စ်တင်ချိန် - 1/29/2014 06:30:00 AM


ရန်ကုန်မြို့ စမ်းချောင်း ကျွန်းတောအလယ်ရပ်ကွယ်က သမဝါယမအသင်းပိုင်တဲ့ အဆောက်အဦးကို မြို့နယ်သမဦးစီးဌာနက အလွဲသုံးစားလုပ်ခဲ့တဲ့အပေါ် သမအသင်းဝင် ၁ဝယောက်ဦးဆောင်ပြီး ဇန်နဝါရီ ၂၈ရက်နေ့မှာ ဆန္ဒပြခဲ့ပါတယ်။


အစိုးရက သမဝါယမအသင်းတွေ ပြန်ပြီးနလန်ထူနိုင်အောင် လုပ်ဆောင်နေချိန်မှာ အောက်ခြေက အကျင့်ပျက် ခြစားနေတဲ့ ဝန်ထမ်းတွေကြောင့် ပြဿနာတွေတက်နေတယ်ဆိုတာ သမဝါယမဝန်ကြီး ဦးကျော်ဆန်း သိစေဖို့ ဆန္ဒပြတာလို့ ဆိုပါတယ်။

မြို့နယ်တွေက ရပ်ကွက်အဆင့်သမဝါယမအသင်းတွေကို မတရား အနိုင်ကျင့်နေတာဖြစ်ပြီး ပြည်သူတစ်ယောက်အနေနဲ့ သမဝါယမစနစ် ပြန်လည်ပြုပြင်ရေးလုပ်ဆောင်နေတာကို ယုံကြည်ရဖို့ ခက်နေပြီလို့ ဆိုပါတယ်။

စမ်းချောင်း ကျွန်းတော အလယ်ရပ်ကွက်က သမပိုင်အဆောက်အအုံကို မြိ့နယ်ဦးစီးမှူးက ကန်ထရိုက်နဲ့ တစ်ဝက်စီ အကျိုးခံစားဖို့ လုပ်ဆောင်နေတာဟာ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

ဒီအဆောက်အဦးကို ၂ဝ၁၂ထဲမှာ ၆လနဲ့အပြီးဆောက်ခဲ့ပြီး အသင်းဝင်တွေကိုလည်း အခုအချိန်ထိ ရှင်းလင်းတင်ပြတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Kamayut Media