ခေတ်လူငယ်ရှစ်ဦးရဲ့ အနုပညာ အခင်းအကျင်း

ပို့စ်တင်ချိန် - 1/09/2014 06:30:00 PM




မနက်ဖြန် ရန်ကုန်မြို့မှာ အင်မတန် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနုပညာပြပွဲတခု ရှိနေပါတယ်။
ခေတ်လူငယ် ၈ ဦးရဲ့ ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံ၊ ၀တ္တု၊ အင်စတော်လေးရှင်း စသည် စသည်တို့ကို ပူးတွဲပြသမယ့် ပြပွဲပါ။ သူတို့ ဖော်ကျူးတဲ့အကြောင်းအရာကတော့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။

 Art Bridge for Peace လို့ အမည်ပေးထားပါတယ်။ ငြိမ်းချမ်းရေးအတွက် အနုပညာတံတား လို့ ဆိုရပါလိမ့်မယ်။

သူတို့ရဲ့ ပြပွဲတင်လက်ရာတချို့ကို ဖော်ပြလိုက်ပါတယ်။
ဖန်တီးသူတို့ရဲ့ဓာတ်ပုံတွေကိုလည်း သူတို့အမည်နဲ့တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

အနုပညာစိတ်ဝင်စားသူများ လာမယ့် ၃ ရက်အတွင်း ရန်ကုန်မှာရှိနေမယ်ဆိုရင်တော့ အဲဒီပွဲဟာ သွားသင့်သွားထိုက်တဲ့နေရာတခုပါပဲ။

Gallery 65 လို့ အမည်ပေးထားတဲ့ အဲဒီ အနုပညာပြခန်းက အမှတ် ၆၅ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်မှာ ရှိပါတယ်။
သမ္မတဟိုတယ်ဘေးက လမ်း ဖြစ်ပါတယ်။ ဟိုတုန်းကတော့ အဲဒီလမ်းကို ယောက်လမ်း လို့ ခေါ်ပါတယ်။

၁၉၈၂ နောက်ပိုင်း မွေးဖွားလာသူများ ဖန်တီးတဲ့ အနုပညာလက်ရာတွေကို ၃ ရက်ကြာ ပြသသွားမယ်လို့ သိရပါတယ်။