မင်္ဂလာဒုံမြို့နယ်တွင်ယာဉ်တိုက်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 1/13/2014 06:08:00 PM


ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာ ဒုံမြို့နယ်၊ ရွှေပေါက်ကံနှင့် မြောက် ဥက္ကလာပမြို့နယ်များသို့ ဓါတ်အားပေး ထားသော 33KV လှော်ကား၊ မဇ္ဇရီဓာတ်လိုင်းတိုင်အား ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီ ၃၀ အချိန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီ ၃၀ အချိန်တွင် ယာဉ်မောင်း အောင်နိုင်ဦး(ဘ) ဦးသိန်းဟန် မောင်းနှင် လာသော CAMBER ယာဉ်အမှတ်-၈ဃ/၂၈၈၅ သည် ရေဝေးသုဿန် ကောင်းတုံ တရုတ် သင်္ချိုင်း အရှေ့ရှိ မင်္ဂလာဒုံမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်နှင့် မြောက် ဥက္ကလာပ မြို့နယ် များသို့ ဓာတ်အားပေးထားသော 33 KV လှော်ကား မဇ္ဇရီ ဓာတ်လိုင်းတို့အား တိုက်မိခဲ့သဖြင့် ဓာတ်အားလိုင်းတိုင်(၆) တိုင် ကျိုးပဲ့ ပျက်စီးခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊၁/က ရပ်ကွက်၊ အောင်မင်္ဂလာ အဝေးပြေးဝင်း၊ရေဝေး သုဿန်၊ ရန်ကုန်စက်မှုဇုံ၊ မင်္ဂလာဒုံ စက်မှုဇုံ၊ ရွှေပေါက်ကံ တစ်မြို့နယ်လုံး၊ မြောက်ဥက္ကလာပ ဌ/ည ရပ်ကွက် တို့တွင် ဓာတ်အား ပြတ်တောက် သွားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာ ယာဉ်မှုစစ်များ၊ လျှပ်စစ်မှ တာဝန်ရှိသူများ၊ ရောက်ရှိလာပြီး ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေး အဖွဲ့ရုံးချုပ်၊ လိုင်းတည်ဆောက်မှုဌာနတို့ ပူးပေါင်း၍ ယာဉ်တိုက်ခံရသည့် အပိုင်းအား ချန်လှပ်၍ ဓာတ်အားပြန်လည်ရယူခဲ့ရာ နေ့လည် (၁) နာရီ အချိန်တွင် မီးပြတ်တောက်သည့် မြို့နယ်များသို့ ပြန်လည် ပို့လွှတ်နိုင်ခဲ့သည်။ ထိုနောက် ယာဉ်မောင်း အောင်နိုင်ဦး (၃၆) နှစ် (ဘ) ဦးသိန်းဟန် အား သက်ဆိုင်ရာ ယာဉ်မှုစစ်မှ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

MOI Webportal Myanmar