၁၂ နှစ်အရွယ် ကျောင်းသားတဦး၏ ပစ်ခတ်မှုကြောင့် ၂ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 1/15/2014 11:40:00 PM


ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီပြည်နယ်မှာ အသက် ၁၂ နှစ်အရွယ် ကောင်လေး တယောက်က ခြောက်လုံးပြူးသေနတ်နဲ့ စာသင်ကျောင်းတကျောင်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့က ၀င်ပစ်ခတ်မှုအတွင်း ကျောင်းသား ၂ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲအဖွဲ့က ပြောပါတယ်။

ရော့စ်ဝဲမြို့က ဘာရန်ဒိုအလယ်တန်းကျောင်းမှာ ရှိတဲ့ အားကစားလေ့ကျင့်ခန်းလုပ်တဲ့ ခန်းမမှာ မနက် ၇ နာရီခွဲဝန်းကျင် ကျောင်းသားတွေ စုရုံးနေချိန်မှာ သေနတ်ပစ်မှု ဖြစ်ခဲ့တာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။
သေနတ်ပစ်တဲ့ ကျောင်းသားကို ကျောင်းဆရာတယောက်က လက်နက်ချခိုင်းခဲ့ပြီး ကျောင်းမှာ ထိန်းသိမ်းခဲ့တယ်လို့ ပြောပါတယ်၊

ဒဏ်ရာရသွားတဲ့ အသက် ၁၂ အရွယ် ကောင်လေးနဲ့ အသက် ၁၃ နှစ်အရွယ် ကောင်မလေးတို့ရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။

ကောင်လေးရဲ့ မျက်နှာနဲ့ လည်ပင်းမှာ ဒဏ်ရရခဲ့ပြီး ကောင်မလေးကတော့ ညာဘက် ပခုံးမှာ ဒဏ်ရာရာခဲ့ပါတယ်။

နှစ်ယောက်စလုံးကို ဒေသဆေးရုံကနေ တက္ကဆပ်ပြည်နယ် လုဘ်ဘောက် (Lubbock) မြို့ တက္ကသိုလ်ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတွေမှာ သေနတ်ပစ်ခတ်မှုတွေ မကြာခဏ ပေါ်ပေါက်နေတာနဲ့ ပတ်သက်လို့ လက်နက်ထိန်းချုပ်ရေး အစီအစဉ်သစ်တွေ ချမှတ်ဖို့ ဆွေးနွေးငြင်းခုန်နေချိန်မှာ အခု သေနတ်ပစ်ခတ်မှု ထပ် ဖြစ်တာ ဖြစ်ပါတယ်။

အောက်တိုဘာလတုန်းကလည်း နီဗာဒါးပြည်နယ် စပတ်စ် (Sparks) မြို့က အလယ်တန်းကျောင်းမှာ အသက် ၁၂ အရွယ် ကောင်လေးတယောက်က သေနတ်နဲ့ ပစ်ခတ်မှုအတွင်း ဆရာ ၁ ယောက် သေဆုံးပြီး ကျောင်းသား ၂ ယောက် ဒဏ်ရာရသွားပါတယ်။

အဲဒီအဖြစ်အပျက်မှာ တခြားလူတွေကို သေနတ်နဲ့ ပစ်ခဲ့တဲ့ ကျောင်းသားဟာ သူ့ကိုယ်သူ လည်း သေနတ်နဲ့ ပစ်လို့ သေဆုံးခဲ့ပါတယ်။

DVB