စ.ရ.ဖ မီးကြောင့် လေယာဉ်ဆင်းသက်မှုများ ခေတ္တရပ်နားခဲ့ရ

ပို့စ်တင်ချိန် - 1/22/2014 10:50:00 AM



မင်္ဂလာဒုံ စစ်ဘက်ဆိုင်ရာလုံခြုံ ရေးတပ် (၄) ဝင်းရှိ သိုလှောင်ရုံ မီးလောင်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း အတွင်း လေယာဉ်ဆင်းသက်မှုများ ခေတ္တရပ်နားခဲ့ရ

မင်္ဂလာဒုံ စစ်ဘက်ဆိုင်ရာ လုံခြုံ ရေး တပ် (၄) ဝင်းအတွင်းရှိ သိုလှောင်ရုံ မီးလောင်ကျွမ်းမှုကြောင့် ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင်ရန်ကုန် အ ပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း ခေတ္တ ဆိုင်းငံ့ပိတ်ထားခဲ့ရကြောင်း သိရသည်။
''မီးလောင်မှုကြောင့် လေယာဉ် ကွင်းကို ခေတ္တပိတ်ထားတယ်''ဟု ရန် ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ အဲပုဂံရုံးခွဲမှ တာဝန်ရှိသူက မီးလောင်မှု ဖြစ်ပွားနေစဉ်အတွင်း ပေါ်ပြူလာနယူးစ် မှ ဆက်သွယ်မေးမြန်းချက်ကို ဖြေကြား သည်။

သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း လေတပ်ရိပ်သာနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ဓာတ်ဆီ ဆိုင်မှ မီးလောင်ခြင်းဖြစ်ပြီး အဆိုပါ ဓာတ်ဆီဆိုင်နေရာမှာ လေဆိပ်ခြံဝင်း နှင့် ထိစပ်နေသည့်အတွက် ပြည်တွင်း၊ ပြည်ပလေယာဉ်ဆင်းသက်မှုများ ခေတ္တ ဆိုင်းငံ့ထားသည်ဟု ပို့ဆောင်ရေးဝန်ကြီး ဌာနမှ သတင်းရရှိကြောင်း ¤င်း၏ လူမှု ကွန်ရက်စာမျက်နှာ၌ မီးစတင်လောင် ချိန် ၆ နာရီ ၇ မိနစ် နောက်ပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်၏ အထွေထွေမန်နေဂျာ ဦးဝင်းကို က လေဆိပ်အနေဖြင့် ကွင်းပိတ်ထားမှု ပြုလုပ်ခဲ့သော်လည်း ခေတ္တသာဖြစ်ပြီး လက်ရှိတွင် ပြန်လည်ဖွင့်လှစ် ထားပြီး ဖြစ်ကြောင်း ပြောကြားသည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦး ရဲထွဋ်ကမူ မီးမှာ ၆ နာရီခွဲခန့်တွင် မီး ညွန့်ကျိုးသွားခဲ့ပြီး လေယာဉ်ကွင်း ပြန် လည်ဖွင့်လိုက်ပြီဖြစ်ကြောင်း ည ၇ နာရီ ၁၉ မိနစ်ခန့်တွင်ထပ်မံရေးသားဖော်ပြ ခဲ့သည်။

ဇန်နဝါရီ ၂ဝ ရက်နေ့တွင်လည်း ၉ မိုင် အင်ဂျင်နီယာတပ်ဝင်းရှိ ဂိုဒေါင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ယင်းနေ့ တွင်ပင် မြောက်ဥက္ကလာပ မြို့နယ် တ ရားရုံး၌လည်း မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်း မီး]သတ်ဦးစီးဌာနမှ သိရ သည်။

(ဓာတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ))

Popular Myanmar News Journal