လယ်ယာချေးငွေပြန်ဆပ်ရန် ရွှေဘိုတွင် လယ်သမားများ အခက်အခဲဖြစ်နေ

ပို့စ်တင်ချိန် - 1/11/2014 04:20:00 PM


ရန်ကုန် ။ ။ ယခုနှစ်မိုးစပါးစိုက်ပျိုး ရာသီတွင် ရာသီမမှန်ခြင်းနှင့် စိုက်ပျိုး နည်းမမှန်မှုများကြောင့် ရွှေဘိုဒေသအနီး စပါးခင်းများ အဆစ်ပိုး ကျရောက်ခဲ့ခြင်းကြောင့် စပါတစ်ဧကအထွက်နှုန်း ထက် ဝက်နီးပါးကျဆင်း သွား ရာ လယ် ယာစိုက်ပျိုးရေးမှ ထုတ်ချေးထား သော စိုက်စရိတ်ချေးငွေ များပြန် ဆပ်ရန် အခက်ခဲဖြစ်ပေါ်နေ ခြင်းဖြစ်သည်ဟု လယ်သများက ဆိုသည်။

ရွှေဘိုလယ်သမား ဦးမျိုးတင် က ''လယ်ယာစိုက်ပျိုးရေးဘဏ် က တစ်ဧက ကို တစ်သိန်းနှုန်းနဲ့ ချေးထားကြတာ။ အခုစိုက်ဧက တွေ အားလုံးနီးပါး ပိုးကျနေတာ တစ်ဧက တင်း ၅ဝဆိုတာ အထွက် ဆုံးလယ်ပဲ။ ကျန်တာတွေ က တင်း ၂၅၊ ၃ဝတွေကများတော့ လယ်သမားတွေ အများကြီးရှုံး တယ်။ အခုမိုးစပါးအတွက် ချေး ငွေမဆပ်ခင် နွေစပါးချေးငွေရ တော့ အဲဒီရတဲ့အထဲ ကနေ ပြန်ဆပ် ကြတာတွေရှိတယ်''ဟုဆိုသည်။

လယ်သမားအများစုမှာ လယ် ယာစိုက်ပျိုးရေးချေးငွေအပြင် စပါးပေါ်အကြွေး ဆပ် စနစ်ဖြင့် ချေးယူထားမှုများရှိနေသည့်အ တွက် အဆိုပါချေးငွေများ အား နောင်စပါးရာသီပေါ်မှသာ ပြန် လည်ပေးဆပ်နိုင်မည်ဖြစ်ခြင်း ကြောင့် ကာလရှည်ချေးငွေအ ဖြစ်ပြောင်းလဲပေးရန်လိုလားနေ ကြောင်း ဒေသခံလယ်သမားများ ထံမှ သိရသည်။

ရာသီမမှန်ခြင်းကြောင့် အဆစ်ပိုးကျရောက်သည့်အပြင် ရိတ်သိမ်းခါနီး အချိန်တွင် သရက် ခေါင်း၊ ညောင်ပင်၊ သပြေကုန်းကျေး ရွာများရှိ စိုက်ဧက ၁၀၀ဝနီးပါး မိုးသီးထိခြင်းကြောင့် စပါးခင်းများ ပျက်စီးသွား ရာ တောင်သူများ ၏ အခြေအနေမှာ ပိုမိုဆိုးရွားသွား ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးရေးဘဏ် သို့ ကြွေးဆပ်ရန် အခက်အခဲကြောင့် ရွှေဘိုခရိုင် ခင်ဦးနယ်ဘက်မှ လယ်သမား ၁ဝဦးက လွှတ်တော် ကိုယ်စားလှယ်မှ တစ်ဆင့် ပြည်သူ့ လွှတ်တော်ထံသို့ တင်ပြပေးရန် တောင်း ဆို ထားကြောင်း ဒေသခံ များ၏ပြောဆိုချက်အရ သိရ သည်။

နိုင်နိုင်ဇော်
Yangon Media Group