နာမည်ကျော်အတွဲများရဲ့အကွဲ အပြဲများနဲ့ ဇာတ်လမ်း

ပို့စ်တင်ချိန် - 1/13/2014 06:15:00 AM


မှန်တာပေါ့။ နာမည်ကျော်တွေကတော့ အမြဲတမ်း တွဲလိုက်ကွဲလိုက်ပါပဲ။ ဒါပေမယ့် ဒီအတွဲတွေကတော့ အလွန်ချစ်ဖို့ကောင်းပါတယ်။ သူတို့ကွဲသွားတဲ့အခါ ကျွန်ုပ်တို့အနေနဲ့ ဘာမှ ကူညီမပေးနိုင်ပေမယ့် ၀မ်းနည်းကြောင်းတော့ ခံစားပေးလို့ရပါတယ်။

(၁) Taylor Swift & Taylor Lautner

Twilight မင်းသားတစ်လက်ဖြစ်တဲ့ Taylor Lautner နဲ့ Taylor Swift တို့ဟာ Valentine’s Day ဇာတ်ကားရိုက်ကူးရင်းနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဒီသတင်းကြောင့် အားလုံးကတော့ တေလာဆွစ်ရဲ့ အချစ်သီချင်းချိုချိုလေးတွေ ကြားရတော့မယ်လို့ ထင်ခဲ့ကြပါတယ်။ တကယ်တမ်း မှာတော့ “Back To December” နဲ့ “The Story Of Us” ဆိုတဲ့ အသဲကွဲသီချင်း (၂)ပုဒ်ပဲ ထွက်လာခဲ့ပါတယ်။ ဆုချီးမြှင့်ပွဲမှာတော့ တေလာက သူမရဲ့ခံစားချက်ကို “ကျွန်မအထင် ကျွန်မတို့နှစ်ယောက်စလုံး ပြောစရာစကားတွေ အများကြီးရှိနေကြပုံပါပဲ။ ဒါပေမယ့် ကျွန်မတို့ကြားမှာ ခြားထားတဲ့ ခုံ(၆)ခုံကြောင့် ကျွန်မတို့ဟာ အသံတိတ်စစ်ပွဲကိုပွဲ ဆင်နွှဲခဲ့ရတယ်။ မင်းအဲဒီမှာရှိနေပမယ့်လည်း ငါဂရုမစိုက်ပါဘူး ဆိုတဲ့ ပုံစံမျိုးပါပဲ” လို့ New York မဂ္ဂဇင်းကို ပြောသွားခဲ့ပါတယ်။ သနားစရာကောင်းတဲ့ Tay (၂)ယောက်ပါပဲ။

(၂) Demi Lovato & Joe Jonas


သူတို့နှစ်ဦး ကွဲသွားတဲ့သတင်းကတော့ သတင်းအဟောင်းပဲ ဖြစ်မှာပါ။ ဒါပေမယ့် ပရိသတ်တွေကတော့ ပြန်တွဲမယ်လို့ မျှော်လင့်နေကြတုန်းပါပဲ။ Camp Rock 2 ဇာတ်ကားကို ရိုက်ကူးစဉ်က ဇာတ်လမ်းစခဲ့ကြတာ ဖြစ်ပြီး လအနည်းငယ်အကြာမှာတော့ နွေဦးပုံပြင်လေးလိုပဲ ပြယ်လွင့်သွားရပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦဟာ ရင်းရင်းနှီးနှီးပဲ သူငယ်ချင်းတွေအဖြစ် ဆက်လက် ဆက်ဆံနေကြပါသေးတယ်။ ဒါကြောင့်ပဲ တစ်နေ့နေ့မှာများ ပြန်လည်ချိန်းဆိုမှုတွေ ပြုလုပ်ဦး မလားလို့ ပရိသတ်တွေက မျှော်လင့်နေကြတာပါ။

(၃) Kristen Stewart & Robert Pattinson


Kristen က Robert ကို လှည့်စားမိတဲ့အခါမှာ twi ပရိသတ်အားလုံး နာကျင်ကြရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Breaking Dawn ကို ရိုက်ကူးတဲ့အခါမှာတော့ အနည်းငယ် အခြေအနေ ပြန်ကောင်းလာတာကြောင့် ပရိတ်သတ်တွေမှာလည်း တဖန်ပြန်လည် မျှော်လင့်မိကြပြန်ပါတယ်။ ဒါပေမယ့်လည်း ဇာတ်ကားရိုက်ကူးအပြီးမှာ လအနည်းငယ်လောက် ပြန်ကွဲသွားပြန်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုက်ဖက်တဲ့ အတွဲချောဟာ ဒီနှစ်အတွင်း အလုပ်အတူ ပြန်လုပ်ကြဖို့ ပရိသတ်က မျှော်လင့်နေပါသေးတယ်။

(၄) Lily Collins & Jamie Campbell Bower

ရုပ်ရှင်ချစ်သူအားလုံးက တစ်ညီအသိအမှတ်ပြုထားတဲ့ အချောဆုံးအတွဲတစ်တွဲဖြစ်တဲ့ Lily နဲ့ Jamie တို့ဟာ Mortal Instruments ဇာတ်ကားမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်အကြာမှာတော့ သူမတို့ဇာတ်လမ်းဟာ အဆုံးသတ်ခဲ့ပါတယ်။ ပရိတ်သတ်တွေက မျှော်တလင့်လင့်နဲ့ နားစွင့်ခဲ့ကြပေမယ့် သူမတို့ကတော့ သူမတို့ရဲ့ဇာတ်လမ်းနဲ့ပတ်သက်ပြီး ဘာအသံမှ ထပ်မလွှင့်ခဲ့ကြတော့ပါဘူး။ ဘာကြောင့်များ ဒီလောက် ပြီးပြည့်စုံတဲ့အတွဲဟာ လမ်းခွဲသွားရတာလဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ပရိသတ်ကို ထားခဲ့ပါတယ်။ ဒါပေမယ့် အနည်းစုကတော့ အခုထိ သူမတို့အတွဲကို ဖန်သားပြင်ပေါ်မှာ ပြန်မြင်ရဦးမလားလို့ မျှော်လင့်နေကြ ပါသေးတယ်။

Ref:seventeen