ရွှေဂတ်စ်စီမံကိန်းမှ ရေနံစိမ်း ပေပါ ၄သောင်းရနိုင်၍ ရေနံချက်စက်ရုံ မြန်မာဆောက်ရန်ပြင်

ပို့စ်တင်ချိန် - 1/15/2014 09:40:00 PM


မြန်မာနိုင်ငံမှာ ပြည်တွင်း စက်သုံးဆီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် စွမ်းအင်ဝန်ကြီးဌာနက ရေနံချက်စက်ရုံကို တည်ဆောက်ဖို့ ပြင်ဆင်နေပြီလို့ ဇန်နဝါရီ ၁၅ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ရွှေဂတ်စ်စီမံကိန်းကနေ တစ်နေ့ ရေနံစိမ်းပေပါ ၄သောင်းပေးဖို့ရှိတာကြောင့် စက်ရုံတည်ဆောက်ဖို့ ရှိပြီး လက်ရှိမှာတော့ စင်္ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကနေ ဓာတ်ဆီ ဂါလန် ၆သန်းနဲ့ ဒီဇယ် ၈သန်းလောက် လစဉ်တင်သွင်းနေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်းရုံးချုပ်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နှစ်စဉ် စက်သုံး ဆီကို ၆ထောင် မက်ထရစ်တန်ရှိတဲ့ သင်္ဘောစီးရေ ၃ဝကျော်နဲ့ နှစ်စဉ် မြန်မာနိုင်ငံအတွက် လောင်စာဆီ သယ်ဆောင်နေရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာ့ရေနံထွက်ကုန် ဖြန့်ဖြူးရေး MPPE နဲ့ MPP တို့ တက်ရောက်ခဲ့ပြီး တင်သွင်းနေတဲ့ စက်သုံးဆီ အရည် အသွေးပြည့်မီဖို့နဲ့ အန္တရာယ်ကင်းရှင်းရေး ဥပဒေတွေကို ခေတ်နဲ့အညီ ပြဌာန်းဖို့၊ စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်ဖို့ ပြောဆိုခဲ့ကြပါတယ်။
Kamayut Media