မြိတ်မြို့တွင် (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ စံပြမိခင် / ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ပို့စ်တင်ချိန် - 1/05/2014 10:15:00 PM


(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲကိုဇန်န၀ါရီလ(၄)ရက် နံနက်(၉)နာရီ က မြိတ်မြို့မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အမှာစကား ပြောကြားသည်။

ထိုနောက်မြိတ် ပြည်သူ့ဆေးရုံကြီးမှ ကလေး အထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုးကျော်အောင်က ကိုယ်ဝန်ဆောင် မိခင်များ၊ မွေးကင်းစ ကလေးများ၏ကျန်းမာရေး စောင့်ရှောက်မှုနှင့်မိခင်နို့်တိုက်ကျွေးမှု အရေးပါပုံ များကို အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်/ ကလေးပြိုင်ပွဲတွင် စံပြမိခင် ဆုရရှိသူနှင့် စံပြကလေး ဆုရရှိသူအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ ကလေးပြိုင်ပွဲ မွေးစမှ(၆)လ၊(၆)လမှ (၁)နှစ်၊(၁)နှစ် (၆)လမှ(၂)နှစ် တို့တွင်ဆုရရှိသူများအား မြိတ်ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့  ဥက္ကဌဒေါ်ဖြူဖြူဝင်းနှင့် တာဝန် ရှိသူများက လည်းကောင်း ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြ သည်။

ထိုနောက်စေတနာရှင် အလှူရှင်များက (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်/ ကလေး ပြိုင်ပွဲတွင် ဆုရရှိသော ကလေးများနှင့် အမွှာကလေးငယ်များကို လက်ဆောင် ပစ္စည်းများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ