ကျေးရွာတစ်ရွာလျှင် သိန်းသုံးရာနှုန်း အခမဲ့ချေးငွေ စီမံချက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်မည်

ပို့စ်တင်ချိန် - 1/10/2014 06:15:00 AM


ရန်ကုန် ဇန်နဝါရီ ၈။

မြစိမ်းရောင် စီမံချက်အဖြစ် ကျေးလတ်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးရွာပေါင်း ၁၀၀၀ ကျော်အား ၂၀၁၄-၂၀၁၅ ဘဏ္ဍနှစ်တွင် တစ်ရွှာလျင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် အခမဲ့ချေးငွေစနစ် ထုတ်ချေးပေးရန် စီစဉ်လျက်ရှိ ကြောင်း မွေးမြူရေးနှင့် ကျေးလတ်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ဇော်က ဇန်နဝါရီ ၉ ရက်နေ့တွင် ပြောသည်။ ယင်းကဲ့သို့ တစ်ရွှာလျင်ကျပ်သိန်း ၃၀၀ နှုန်း ထုတ်ချေးခြင်းသည် အစိုးရမှ သက်ဆိုင်ရာ ကျေးလတ်ဒေသများ ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက်ဖြစ်ပြီး အဆိုပါငွေကြေးသည် အစိုးရသို့ ပြန်ဆပ်ရန် မလိုကြောင်း အထက်ပါပုဂ္ဂိုလ်၏ ပြောပြချက်အရ သိရသည်။

“သက်ဆိုင်ရာကျေးရွှာအလိုက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ဖို့ အတွက်ချပေးတာဖြစ်တယ် ကျွန်တော်တို့ ကို ပြန်ပေးစရာမလိုဘူး ဒီငွေကြေးကို လည်ပတ်အောင်လုပ်ရမယ် ရထားတဲ့ငွေကို ကိုယ့်ကျေးရွှာက အလုပ် လုပ်ကိုင်ဖို့ အရင်းအနှီး မရှိတဲ့သူတွေကို ထုတ်ချေးရမယ် ပြန်ဆပ်တဲ့ ပိုက်ဆံကိုလည်း အရင်းအနှီး ပြန်လုပ်ပြီး တော့ ရလာတဲ့ အတိုးကို ကျေးရွှာရဲ့ လိုအပ်တဲ့ လုပ်ငန်းတွေမှာ အသုံးပြုရမယ် ”ဟု ဒေါက်တာ ခင်ဇော်ကဆို သည်။

ငွေကျပ်သိန်း ၃၀၀ အား ကျေးရွှာများ၏ ကျေးရွှာဖွံ့ဖြိုးရေး ကော်မတီများထံသို့ တိုက်ရိုက် ချပေးသွား မည်ဖြစ်ပြီး အဆိုပါ ငွေးကြေးများကို အလွဲသုံးစားမရှိစေရန်အတွက်လဲ စီစဉ်ဆောင်ရွှက်သွားမည်ဖြစ်ကြောင်း သိရသည်။ “တကယ်လို့  အဲ့လိုမျိုးတွေ ဖြစ်ခဲ့တယ်ဆိုရင် ဥပဒေအရ အရေးယူသွားမှာပါ ဒီအတွက်လုပ်ဆောင်နေတာတွေ လည်းရှိပါတယ် အခုအခြေအနေမှာတော့ အသေးစိတ်ကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး” ဟု ဒေါက်တာခင်ဇော် က ထပ်လောင်း ပြောဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကျေးရွှာပေါင်း ၆၀၀၀၀ ကျော်ရှိပြီး ကျေးလတ်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးရွာပေါင်း ၁၀၀၀ ကျော်အား စတင်ကာ တစ်ရွှာလျင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် ၃၀ ဘီလီယံကျော်အား ဆင်းရဲနွမ်းပါမှု လျော့ချရေး လုပ်ငန်းစဉ်အတွက် ယခုနှစ်တွင် စတင်သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။



နှင်းနွယ်
The Myanma Age