ကန်​ဘတ်​​ကျေးရွာ မီး​ဘေးသင့်​ ရန်​ပုံ​ငွေ ပန်းချီပြပွဲ ဖိတ်​ကြားလွှာ
ပို့စ်တင်ချိန် - 1/13/2014 06:12:00 PM
မိတ်​​ဆွေများနှင့်​ အနှပညာကို ချစ်​မြတ်​နိုးသူများ ခင်​ဗျာ
လွန်​ခဲ့​သော နှစ်​ပတ်​ခန့်​က ဆိုးရွားလှ​သောမီးဟာ ကျွန်​​တော့်​ ဇာတိ ရွာ​လေးဖြစ်​တဲ့ ကန်​ဘက်​​ကျေးရွာကို ရက်​စက်​စွာဝါးမြို သွားခဲ့ပါပြီ။ အိ​မ်​နှင့်​ဆိုင်​ခန်း​ပေါင်း ၂၃၀​ကျော်​ မီး​လောင်​ ပျက်​စီး ဆုံးခဲ့ရပြီး လူများစွာ အိုးမဲ့အိ​မ်​မဲ့ဖြစ်​ခဲ့ရပါတယ်​။
ထိုမီး​ဘေးသင့်​ ပြည်​သူများအား ကိုယ်​တတ်​နိုင်​ သ​လောက်​ ကူညီနိုင်​ရန်​ ဒီပြပွဲ​လေးကို လုပ်​ဖြစ်​ရခြင်းဖြစ်​ပါတယ်​။
ပြပွဲတွင်ကျွန်တော် ခင်ဇော်လတ် ​၏ ပန်းချီကား​ပေါင်း၂၀ပြသ​ ရောင်းချမှာဖြစ်​ပြီး ​ရောင်း၍ ရရှိ​သော​ငွေအားလုံးကို မီး​ဘေးသင့်​ ပြည်​သူများ ပြန်​လည်​ ထူ​ထောင်​​ရေးအတွက်​ လှူဒါန်းသွားမှာ ဖြစ်​ပါတယ်​။
ပန်းချီကား​ဈေးနှုန်းကိုလည်း လက်​ရှိပန်းချီကား​ဈေးနှုန်းထက်​ များစွာ​လျော့ချကာ​ရောင်း​ပေးသွားမှာဖြစ်​ပါတယ်​။
ထိုပန်းချီကားများထဲမှ ကျွန်​​တော်​ကြိုက်​ဆုံးဖြစ်​တဲ့ ၄ကားတွဲ ပန်းချီကားတစ်​ကားကို​တော့ ​ဈေးအများ ဆုံးပေးသောသူ ဝယ်ယူပိုင်ဆိုင် နိုင်မည့် လေလံ(Auction)ပုံစံ​လေးနဲ့​ ရောင်း​ပေး သွားမှာပါ။
ယခု ဖိတ်​စာ​ ဝေ​နေချိန်​မှာ ပန်းချီကား တချို့ကို စတင်​​ရောင်းချ ရပြီးပါပြီ။
                                                                        ခင်​​ဇော်​လတ်
    ပြပွဲအမည်​                   ` Giving a hand´ fund raising
                                      Exhibition
    ပန်းချီဆရာအမည်​          ခင်​​ဇော်​လတ်​(Khin Zaw Latt)
    ဖွင့်​ပွဲအချိန်​                   17th. JAN. 2014  5:00-8:00 PM
    ပြသမည့်​ရက်​               17th. JAN - 21st. JAN
အမှတ်​ ၁၈၄/၈၄(က)၊ ​ရွေ​တောင်းကုန်းရိပ်သာ​၊ သံလွင်​လမ်း၊ ​ရွှေ​တောင်​ကြား(၂) ရပ်​ကွက်​၊ ဗဟန်း,
ဖုန်း 01 2304105, 095156571
ခင်​​ဇော်​လတ်​(Khin Zaw Latt)
BY THIT HTOO LWIN