၂ဝ၁၃ ခုနှစ်ထဲမှာ အထိရောက်ဆုံးဖြစ်ခဲ့တဲ့ ဝိတ်ချနည်းလေးများ

ပို့စ်တင်ချိန် - 1/02/2014 01:30:00 AM




1-1-2014

ကမ္ဘာနဲ့အဝန်း အရွယ်ရောက်ပြီးဝိတ်တက်နေကြတဲ့ ကျား၊ မ တွေ ဟာ ကျန်းမာရေး(သို့မဟုတ်)လှပမှုအတွက် အစာ၊ ဆေး၊ လေ့ကျင့်ခန်း စတဲ့နည်းမျိုးစုံနဲ့ ဝိတ်ချနေကြပါတယ်။

မည်သို့ပင်နည်းမျိုးစုံနဲ့ဝိတ်ချ နေကြပါစေ ၂ဝ၁၃ ခုနှစ်တစ်နှစ်
တာကာလပတ်လုံး လေ့လာဆန်းစစ်ချက် တွေအရ အောက်ပါဝိတ်ချနည်းရှစ်မျိုးက အထိရောက်ဆုံးဖြစ်စေခဲ့တယ် လို့ Beauty High (ခေါ်)ကျန်းမာ
လှပမှုဆိုင်ရာ အင်တာနက်သတင်းလွှာမှာ ဖော်ပြထားပါတယ်။

(၁) နံနက်စာ ကောင်းကောင်းစားပါ။
ကျန်းမာစွာနဲ့ ကိုယ်အလေးချိန်ကျစေဖို့ဆိုရင် 'နံနက်စာကို ရှင် ဘုရင်ကြီးလိုစားပါ၊ ညစာကို သူဖုန်းစားလိုစားပါ'ဆိုတဲ့ ဆောင်ပုဒ်ကို ကျန်းမာရေးအမြင်ရှိသူတိုင်း သိမှာပါ။ ၂ဝ၁၃ နိုဝင်ဘာမှာ နောက်ဆုံးလေ့လာ ဆန်းစစ်ချက်တွေအရ အညိုရောင်ကွေကာအုပ် (အကြမ်း)ဟာ အရွယ်သုံး ပါးအားလုံးအတွက် ကျန်းမာရေးဘက်စုံကောင်းစေတဲ့အပြင် ကိုလက်စထ ရောကျစေပြီး အချိန်တော်တော်ကြာ အဆာခံနိုင်တာကြောင့် အကောင်းဆုံး နံနက်စာတစ်ခုဖြစ်တယ်လို့ ကျန်းမာရေးသုတေသီတွေက တညီတညွတ် တည်း ထောက်ခံထားခဲ့ကြပါတယ်။

(၂) အသင့်စား အဆာပြေတွေကိုရှောင်ပါ။
အာလူးကြော်၊ ကြက်ကြော်၊ ဒိုးနတ်စတဲ့ ဆီကြော်မုန့်အမျိုးမျိုးဟာ ကယ်လိုရီပမာဏ များပြားလွန်းနေကြောင်း၊ အရမ်းဗိုက်ဆာလာတဲ့အချိန် မျိုးမှာ မည်သူမဆို သာမန်ထက်ပိုစားမိစေတာမို့ ဖြစ်နိုင်ရင် ဆာလောင် မွတ်သိပ်တဲ့အခါမှာ ထိုအသင့်စားဆီကြော်တွေကို (လုံးဝ) မစားသင့် ကြောင်း၊ ဆင်ခြင်နိုင်ရင် ဝိတ်ကျစေမှာဧကန်မလွဲဖြစ်ကြောင်း ၂ဝ၁၃ မေမှာ သတိပေးအကြံပြုထားခဲ့ကြပါတယ်။

(၃) အစာစားချင်စိတ်ကို ချိုးနှိမ်ပါ။
၂ဝ၁၃ နိုဝင်ဘာအတွင်း အဝလွန်သူတွေကို လေ့လာဆန်း စစ်ပြီးနောက်မှာတော့ 'ဗိုက်ကြီးအင့်နေအောင် မစားသင့်ဘဲ ဗိုက်ဝရုံ လောက်သာ စားသင့်ကြောင်း၊ မိမိပါးစပ်ကို အလိုမလိုက်သင့်ကြောင်း၊ ထို့နည်းတူ စိတ်ကိုလဲ ချိုးနှိမ်တတ်ဖို့လိုအပ်ကြောင်း၊ ဒီလိုအစာ (များများ)စားချင်တဲ့ စိတ်ကိုချိုးနှိမ်လိုပါက ဝိတ်ချဖို့အထိရောက်ဆုံးနည်း ဖြစ်စေနိုင်ကြောင်း'စသည်ဖြင့် အကြံပြုထားခဲ့ပါတယ်။

(၄) အိပ်ရေးဝဝ အိပ်ပါ။
အရွယ်ရောက်ပြီးသူ လူတစ်ယောက်အတွက် ပျမ်းမျှခုနစ်နာရီကြာမျှ အိပ်စက်သင့်ပြီး အိပ်ချိန်က ညဘက်ဖြစ်သင့်ပါတယ်။ ဥပမာ- ညဂျူတီ ကျ၍ နေ့ဘက်ရောက်မှသာအိပ်စက်ကြရသူများ၊ အိပ်ရေးမဝသူ နို့တိုက် မိခင်များ၊ အိပ်စက်ချိန်နည်းသူတွေနဲ့ နာတာရှည်အိပ်မပျော်သူတွေမှာ အက်စ်ထရိုဂျင်ဟိုမုန်းစိမ့်ထွက်လာပြီး အစာစားချင်စိတ်ကိုပြင်းပြလာတာ ကြောင့် သိသိသာသာ ကိုယ်အလေးချိန်တိုးလာစေတယ်လို့ ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်း လေ့လာစမ်းစစ်မှုများအရ သတိပေးနှိုးဆော်ထားပါတယ်။

(၅) အချိုလျှော့စားပါ။
ကိုယ်ခံစွမ်းအားကောင်းစေဖို့၊ သက်လုံကောင်းစေဖို့နဲ့မှတ်Óဏ် ကောင်းစေဖို့ အတွက် အချိုဓာတ်(သကြား)က မရှိမဖြစ် လိုအပ်ပါတယ်။ သို့သော် လိုအပ်တဲ့ပမာဏထက်ပိုစားမိခြင်းက ဝိတ်တက်လာနိုင်တာ ကြောင့် သတိနဲ့ယှဉ်၍ စားသောက်တတ်ဖို့လိုကြောင်း ၂ဝ၁၃ နိုဝင်ဘာမှာ အဝလွန်တိုက်ဖျက်ရေး သုတေသနအဖွဲ့က ထပ်လောင်းသတိပေးထားခဲ့ ပါတယ်။

(၆) မကြာမကြာ ကိုယ်အလေးချိန် ချိန်တွယ်ပါ။
၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလဆန်းက လေ့လာဆန်းစစ်မှုအရ ရက်သတ္တ တစ်ကြိမ် (သို့မဟုတ်) ၁ဝ ရက်တစ်ကြိမ်ကျ ကိုယ်အလေးချိန်ကို ချိန်တွယ်၍ မှတ်တမ်းပြုထားသင့်တယ်လို့ဆိုပါတယ်။ အဲဒီလို မိမိ ကိုယ်ကိုဆန်းစစ်တဲ့ နည်းလေးက ဝိတ်ကျစေမယ့် နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်တဲ့။

(၇) နံနက်အိပ်ရာထချိန်မှန်နေပါစေ။
နံနက်အိပ်ရာထချိန် ပုံမှန်မဟုတ်ခြင်းနဲ့ ဝိတ်တက်လာခြင်းတို့ဟာ ပတ်သက်ဆက်နွှယ်နေတယ်လို့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလကုန်စစ်တမ်း တွေက ဆိုပါတယ်။ အထူးသဖြင့် နံနက်အိပ်ရာ ထချိန်မမှန်တဲ့ အမျိုး သမီးတွေရဲ့ ခန္ဓာကိုယ်မှာ အဆီပိုတွေစုဝေးလာတာကြောင့် နာရီနှိုးစက် သုံးပြီး အချိန်မှန်မှန် အိပ်ရာထသင့်ပါတယ်တဲ့။

(၈) မကြာခဏဓာတ်ပုံရိုက်ပါ။
မိမိရဲ့ဓာတ်ပုံဟာ မိမိရဲ့ကိုယ်ပွားဖြစ်ပါတယ်။ ပိန်သွားခြင်း၊ ဝလာ ခြင်းတို့ကို မျက်မြင်သက်သေအဖြစ် အဆုံးအဖြတ်ပေးနိုင်တဲ့ ဓာတ်ပုံ တွေကို တစ်လတစ်ကြိမ်ရိုက်ယူပြီး မိမိဘာသာ ဝေဖန်ဆန်းစစ်ကြည့် ပါလို့ အဝလွန်တိုက်ဖျက်ရေးသုတေသီတွေက ၂ဝ၁၃ ခုနှစ် မကုန်မီ (မကြာသေးမီ)ကာလက အကြံပြုထားပါတယ်။
(Ref: Beauty High)
Myanma Spectrum