ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ နှစ်သစ်ကူးစကားလက်ဆောင်

ပို့စ်တင်ချိန် - 1/02/2014 07:30:00 AM


တိဗက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ နှစ်သစ်ကူး စကားလက်ဆောင်ပါ။ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်း ဖြစ်တဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ဒီကနေ့ ကမ္ဘာတဝန်းမှာ ကျင်းပနေကြတဲ့ နှစ်သစ်ကူးပွဲအတွက် အခုလို စကားလက်ဆောင် မိန့်ကြား ထားပါတယ်။

Today, as we wish each other a Happy New Year, let us determine to be more sincere, compassionate, warm-hearted human beings, trying to make our world a more equal place. That way we'll actually make it a happy year.
 
ဘုန်းတော်ကြီး ဒလိုင်းလားမားကတော့ လူသားတွေ ပိုပြီး ရိုးသားဖို့၊ ကြင်နာဖို့ လူပီတဲ့ နှလုံးသားတွေ ရှိဖို့ ကမ္ဘာတဝန်း ပိုပြီး ညီမျှတဲ့ ရပ်ဝန်းတွေ ဖော်ဆောင်ကြဖို့ ပျော်ရွင်ဖွယ်နှစ်သစ်ကို ဆုတောင်းသွားခဲ့တာပါ။

ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဆုတောင်းနဲ့ တိုက်တွန်းမှုကို  လူသားတွေ ဘယ်လို အကောင်အထည်
ဖော်ကြမလဲဆိုတာတော့ ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်ကြသူ လူသား တဦးချင်းစီရဲ့ အပေါ်မူတည်မယ် ထင် ပါတယ်။

၂ဝ၁၃ ခုနှစ် ကို လွန်မြောက်ပြီး ၂ဝ၁၄ ခုနှစ်ကို ချင်းနင်း ဝင်ရောက်ချိန် ကမ္ဘာတဝန်း ပျော်ရွင်တဲ့ နှစ်သစ် ကူးပွဲတွေကို စည်စည်ကားကား ကျင်းပကြတာပါ။

ကမ္ဘာ့ခေါင်းဆောင်တွေ၊ အထင်ကရ ပုဂ္ဂိုလ်တွေကလည်း နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းဆိုမှုတွေ ပေး ကြပါတယ်။



အိမ့်သံစဉ် ~
ဧရာဝတီ သတင်း