ရွှေပြည်သာမြို့နယ်တွင် လူသတ်မှုဖြစ်

ပို့စ်တင်ချိန် - 1/01/2014 06:33:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၁

၁.၁.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌
ရွှေပြည်သာမြို့နယ်တွင်ခိုက်ရန်ဖြစ်ပွါးခဲ့ကာ ဒဏ်ရာများရရှိထားသည့် လူနာတစ်ဦး ရောက်ရှိသေဆုံးသွားကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်၊ (၅/၂)ရပ်ကွက်နေ
အောင်မြတ်ကျော်(ခ)အောင်ကောင်းမြတ်(ဘ)ဦးစံတင်ဖြစ်ပြီး ၎င်းတွင် ၀မ်းဗိုက်ယာဘက်ထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ချက်အနီး ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့်သေဆုံးနေသည်ကို စစ်ဆေး
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁.၁.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင်
ရွှေပြည်သာမြို့နယ်၊ (၁၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့်
ပြည်တော်သာပတ်လမ်းဆုံတွင် ရဲကျော်ပါ(၈)ဦး(စုံစမ်းဆဲ)အဖွဲ့မှ ဂစ်တာတီး သီချင်းဆိုနေကြချိန် သေဆုံးသူပါ(၃)ဦးနှင့် စကားများပြီး
အပြန်အလှန်ထိုးကြိတ်ကာ ခိုက်ရန်ဖြစ်ပွါးကြစဉ် ရဲကျော်ပါ(၈)ဦးမှ အရက်ပုလင်းဖြင့်ရိုက်နှက်ပြီး ပုလင်းကွဲဖြင့်ထိုးခဲ့သောကြောင့်
ဒဏ်ရာများရရှိခဲ့၍အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့တင်ပို့ကုသစဉ်
သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ရွှေပြည်သာမြို့မရဲစခန်း
(ပ) ၄/၂၀၁၄၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ရဲကျော်ပါ(၈)ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police