ဂျပန်နိုင်ငံ တိုကျိုမြို့လယ်တွင် မီးလောင်

ပို့စ်တင်ချိန် - 1/04/2014 10:30:00 AM

ဂျပန်နိုင်ငံ တိုကျိုမြို့လယ်မှာ ဒီနေ့ မနက်ပိုင်းက အဆောက်အဦ ၄ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဂျပန်နိုင်ငံပိုင်ရုပ်သံ အန်အိတ်ခ်ျကေ(NHK)သတင်းဌာနက ကြေညာပါတယ်။

ဓာတ်ပုံ – Japandailypress

မီးလောင်ကျွမ်းမှုကြောင့် အနီးအနားက ယူရာကူချို ရထားဘူတာရဲ့ လုပ်ငန်းတွေ ထိခိုက်သွားတယ်လို့ နိုင်ငံအနှံ့ ရထားပို့ဆောင်ရေးလုပ်ငန်းတွေ နှောင့်နှေးသွားရပါတယ်။
ဗီဒီယိုဂိမ်းတဆိုင်ကနေ မီးစလောင်ပြီးနောက် အနီးအနားက အဆောက်အဦဆီကို မီးကူးသွားပုံရတယ်လို့ ရဲအဖွဲ့က ပြောပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းနေပါတယ်။
မီးသတ်ကား အစင်း ၅၀ လောက် တမနက်လုံး ၅ နာရီခွဲကြာအောင် မီးငြိမ်းသတ်ခဲ့ရတယ်လို့ အန်အိတ်ခ်ျကေသတင်းဌာနက ဆိုပါတယ်။ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေ စာရင်းတော့ ထွက်ပေါ် မလာသေးပါဘူး။

DVB Burmese