BMI ဒီလိုလေး တွက်ချက်ကြမယ်

ပို့စ်တင်ချိန် - 1/03/2014 03:10:00 PM



ဆေးပညာမှာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အရွယ်အစား၊ အလေးချိန်ဟာ ပုံမှန်ရှိ၊ မရှိ သိဖို့အတွက် BMI(Body Mass Index) ခေါ်တဲ့ စံသတ်မှတ်ချက် နှုန်းထားတွေနဲ့ တွက်ချက် ကြတယ်။

Body-ခန္ဓာကိုယ်၊ Mass-အလေးချိန်၊ Index-စံသတ်မှတ်ချက် BMIဆိုတာ ခန္ဓာကိုယ် အလေးချိန်ကို စံသတ်မှတ်ပြီး တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

ဥပမာ အရပ်၅ပေ ရှိတဲ့ လူတစ်ယောက်ရဲ့ ခါးဆိုက်ဟာ ၃၂ ဆိုကြပါစို့။ ဘေးကကြည့်ရင် အရပ်ပုပု၊ ဗိုက်စူစူနဲ့ သူ့ကို ဝတဲ့ အမျိုးအစားထဲ ထည့်ရမှာပေါ့။ ဒါပေမယ့် ခါးဆိုက် ၃၂ ရှိတဲ့ နောက်တစ်ယောက်ရဲ့ အရပ်အမောင်းက ၆ပေရှိရင်တော့ သူ့ကို ဝတယ်မဆို နိုင်တော့ ဘူးလေ။ ဒါဟာဘာလဲဆိုရင် အချိုးချ ကြည့်လိုက်တာပဲ။ ဒီလိုပဲ BMI ဆိုတာ အရပ်အမောင်းနဲ့အလေးချိန်ကို စံသတ်မှတ်ထားတဲ့ unit တစ်ခုနဲ့ အချိုးချ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

စံသတ်မှတ်ချက်အရ

အလေးချိန်- ကီလိုဂရမ်(kg)နဲ့ တွက်တယ်။

အရပ်အမောင်း- မီတာ(m)နဲ့ တွက်ရတယ်။ (cm ကို 100နဲ့ စားရင် metre ရတယ်)

BMI ရဲ့တွက်ချက်ရန် ပုံသေနည်း

BMI=weight(kg)/height(m2)

if you weigh 70 kg and are 1.55 metres tall, your BMI is 70/(1.55 x 1.55), which is 29.

ဥပမာ အလေးချိန် ၇၀ ကီလိုဂရမ်ရှိတဲ့ လူတယောက်ရဲ့ အရပ်အမောင်းဟာ ၁.၅၅ မီတာ ရှိတယ်ဆိုရင် သူ့ရဲ့ BMI တွက်ကြည့်တဲ့အခါ ၂၉ ရရှိပါတယ်။

if you weigh 85 kg and are 1.7 metres tall, your BMI is 85/(1.70 x 1.70), which is 29.

ဥပမာ အလေးချိန် ၈၅ ကီလိုဂရမ်ရှိတဲ့ လူတယောက်ရဲ့ အရပ်အမောင်းဟာ ၁.၇ မီတာ ရှိတယ်ဆိုရင် သူ့ရဲ့ BMIတွက်ကြည့်တဲ့အခါ ၂၉ ရရှိပါတယ်။

BMI Classed As Health Risk

Less than 18.5 Underweight Some health risk

18.5 to 24.9 Ideal Normal

25 to 29.9 Overweight Moderate health risk

30 to 39.9 Obese High health risk

40 and over Very obese Very high health risk

BMI 18.5အောက်ရှိရင် ပုံမှန်ထက် အလေးချိန်နည်းတယ်။

BMI 25ကျော်ရင် အလေးချိန်များတယ်လို့ သတ်မှတ်ထားတယ်။

BMI 30 ကျော်မှ ဝတယ်လို့ စတင် သတ်မှတ်တယ်။ ရောဂါ ထူပြောနိုင်တယ်။

BMI 40ကျော်ရင် အလွန်အမင်းဝတဲ့ ဖက်ရောက်သွားပြီ။ ဝိတ်လျှော့ဖို့ ကြိုးစား ရတော့မယ်။ ရောဂါထူပြောပြီး အသက်တို တတ်တယ်။

BMI တွက်ကြည့်လို့ 18.5နဲ့ 25အတွင်းဆိုရင် အကောင်းဆုံး အခြေအနေပါပဲ။ ဆက်လက် ထိန်းသိမ်း နိုင်ဖို့သာ ကြိုးစားပါလေ။

ဒေါက်တာ အေးမင်းထူး
မြ၀တီ