ဆက်စပ် Digital ပစ္စည်းများ

ပို့စ်တင်ချိန် - 1/31/2014 12:27:00 PM

Mobile Battery


Smartphone, iPhone, Tablet များကိုအားပြန်လည် သွင်းယူနိုင်မည့် Elecom အမှတ်တံဆိပ် Mobile battery တစ်မျိုးပြည်တွင်း ဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ USB ၂ ခုပါဝင်မှာဖြစ်သလို အားသိုလှောင် သိမ်းဆည်းမှုပမာဏ အနေဖြင့် 9600 mAh ကိုအထောက်အပံ့ ပေးထားမှာဖြစ်ပါတယ်။ Smartphone (၂) လုံးကို ပြိုင်တူအားသွင်းယူနိုင်သလို ခရီးဝေးသူများအတွက် အထူးအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီအနေဖြင့် rechargeable mobile battery ကိုအသုံးပြုထားမှာ ဖြစ်သလိုအားသွင်း နေချိန်တွင်လည်း LCD မီးလုံး (၅) လုံးဖြင့် battery အားပြည့်မပြည့်ကို ဖော်ပြပေးနိုင်မှာလည်းဖြစ်ပါတယ်။ ဈေးနှုန်းအနေဖြင့် ၉၄,၈၀၀ ကျပ်ရှိမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် Cyber Plus ဖုန်း - ၀၉- ၇၃၀၅၆၄၈၃ သို့ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

-အေးဖြူ
====================================================

Power Bank

Yoobao အမှတ်တံဆိပ် YB-665 မော်ဒယ် Power Bank တစ်မျိုးပြည်တွင်း ဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ Tablet, Phone, MP3, DC, PSP များတွင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ USB ပေါက် ၂ ပေါက်ပါဝင်မှာ ဖြစ်ပြီးမိုဘိုင်း ဖုန်းနှစ်လုံးကို တစ်ပြိုင်နက် အားပြန်လည် သွင်းယူနိုင်မှာဖြစ်ပါတယ်။  အားသိုလှောင်သိမ်းဆည်းမှု ပမာဏအနေဖြင့် 15600 mAh အထိအထောက်အပံ့ ပေးထားမှာဖြစ်ပါတယ်။ Input အနေဖြင့် 2A, Output အနေဖြင့် 2A အထွက်ရှိမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများ အနေဖြင့် တိုရှီဘာကျော်ဝင်း ဖုန်း -၃၈၄၈၈၅ သို့ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

-ဝေဝေ
==============================================

Drift Ghost-S

တန်ဖိုး ကန်ဒေါ်လာ ၃၉၉ လောက်ပေးပြီး ဝယ်ယူနိုင်တဲ့ အိတ်ဆောင် ကင်မရာ ဖြစ်ပါတယ်။ အလွန်ကို သေးငယ်ပြီး ရေစိမ်ခံတဲ့ အတွက် ရေထဲမှာ ရေကူး ရင်းတောင် ရိုက်ကူးနိုင်ပါတယ်။ ၂ လက်မအရွယ်
LCD ပါရှိပြီး ကြိုးမဲ့စနစ်နဲ့ ချိတ်ဆက်သုံးစွဲနိုင်ဖို့အတွက် Wi-Fi စနစ် ထည့်သွင်း တည်ဆောက်ထားပါတယ်။ ထည့်သုံးစွဲထားတဲ့ ဘက်ထရီက အတော်ကို ကြာရှည်ခံပါတယ်။ ဗီဒီယိုရိုက်ကူးတဲ့ နေရာမှာ ပုံမှန်အနေအထား ရိုက်ကူးမှုနဲ့ အမြန်နှုန်းမြင့် ရိုက်ကူးမှု (normal and high-speed) ဆိုပြီး ရွေးချယ်နိုင်အောင် စီမံပေးထားပါတယ်။ အရှည် ၄.၁ လက်မ၊ အကျယ် ၂ လက်မနဲ့ အထူ ၁.၃ လက်မရှိပြီး ၅.၉ အောင်စ အလေးချိန်ရှိပါတယ်။ ၁၆၀ ဒီဂရီ ရိုက်ကူးနိုင်ပြီး Wide-angle lens နဲ့ flat တပ်ဆင်ပေးထားပါတယ်။ ၃၀၀ ဒီဂရီအထိ လှည့်နိုင်ပါတယ်။ Micro-SDXC card slot ပါရှိပြီး 64GB အထိ အထောက်အပံ့ ပြုပါတယ်။ Mini-USB နဲ့ Mini-HDMI port တွေ ပါရှိပါတယ်။ 1080p resolution နဲ့ တစ်စက္ကန့်ကို ဖရိန်ပေါင်း ၃၀ ရိုက်ကူးမယ်ဆိုရင်တော့ ၃.၅ နာရီကြာအောင် ရိုက်ကူးနိုင်ပါလိမ့်မယ်။

Internet Journal