၂၀၁၇ ခုနှစ်တွင် အသုံးပြုသူ ၈၀ ရာခိုင်နှုန်းကို Facebook လက်လွှတ်ရဖွယ်ရှိ

ပို့စ်တင်ချိန် - 1/30/2014 03:24:00 PM


Princeton တက္ကသိုလ်၏ အာကာသနှင့် နည်းပညာ အင်ဂျင်နီယာဌာနမှ သုတေသနပညာရှင်များက Facebook သုံးစွဲသူကျဆင်းနိုင်ကြောင်းကို ခန့်မှန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook အသုံးပြုမှု တိုးတက်လာခြင်းသည် လာမည့်နှစ်အနည်းငယ်အတွင်း မြန်ဆန်စွာကျဆင်းနိုင်ပြီး သုတေသီများက ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း လက်ရှိအသုံးပြုသူ ၈၀ ရာခိုင်နှုန်းခန့်ကို Facebook ကလက်လွှတ် ဆုံးရှုံးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သုတေသနစာတမ်းအရ လူအများသည် Facebook ကိုရောဂါတစ်ခုအဖြစ် မြင်လာကြပြီး ၎င်းကိုစွန့်ခွာခြင်းဖြင့် ကုစားမှုတစ်ရပ် ဖြစ်လာဖွယ်ရှိကြောင်း ဖော်ပြထားသည်။ ထို့သို့ရှုမြင်သူများလာ သည်နှင့်အမျှ အခြားအသုံးပြုသူ များကလည်း ၎င်း social networkကို Myspace ကဲ့သို့စွန့်ခွာလာမည်ဖြစ်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

Myspace သည် ၂၀၀၈ ခုနှစ်တွင် သုံးစွဲသူအများဆုံးဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် သုံးစွဲသူနည်းပါး နေပြီဖြစ်ကာ ၎င်းကိုရောင်းချခဲ့သည့် အချိန်တွင်ဒေါ်လာ ၃၅ သန်းအရှုံးပေါ်ခဲ့ကြောင်း သိရသည်။

-စိုးထက်
Ref: Firstpost
Internet Journal