HUAWEI U8825D ကို ဥပမာထား၍ စက်တစ်တလုံးနိုးစေမည့် မရှိမဖြစ် အခြေခံ အချက်များ

ပို့စ်တင်ချိန် - 1/06/2014 12:40:00 PM


ပထမဦးစွာစက်သားကိုပုံပါအတိုင်းsupply နှင့်တပ်ထားရပါမည်။
ထိုသို့တပ်ထားသည့်အနေအထားတွင်အောက်ဖေါ်ပြပါ conector တွင် 1.4V ရှိ/မရှိ ပထမဦးစွာ စစ်ရပါမည်။


၎င်းpinသည်socket၏ပါဝါခလုတ်အလယ်သို့ရောက်ပါသည်။

ထိုပါဝါခလုတ်၏ဘေးအဝိုင်းသည်ground ဖြစ်ပါသည်။အဓိပ္ပါယ်
ကတော့ပါဝါနိုးရန်ပါဝါအိုင်စီမှထွက်လာသည့်signalကိုground ချပေးလိုက်ခြင်းသာဖြစ်ပါသည်။



ပါဝါခလုတ်နှိပ်လိုက်လျှင်3.7Vမှ0V ပြောင်းခြင်းကိုသိရှိရန်အတွက်
supplyတွင်testဘက်သို့လှည့်၍ test မီတာတိုင်းရန် လက်တံ
အနီဖြင့်ထောက်ရပါမည်။ထိုအခါsupplyမှvoltကြည့်သည့်digital
ဒိုင်ခွက် တွင်ပါဝါမနိုးမှီ 3.7V ပြနေပြီး၊ ပါဝါနိုးသည်နှင့် 0V သို့
ပြောင်းပြခြင်းဖြင့် Poweric ပါဝါခလုတ်သို့တလိုင်း၊transistorသို့တလိုင်းဆက်သွယ်မှု့
ကောင်းမွန်ကြောင်းစစ်ရန်လိုအပ်ပါသည်။




အထက်ပါ 3.7V မှ 0V ပြောင်းသည့် လိုင်းနှင့် 3.4V ထွက်သည့်လိုင်းသည်power icမှထွက်
လာသောလိုင်းဖြစ်သည်။ ထိုနေရာvoltများမတွေ့ပါကtransistorပျက်လျှင်၊ ၎င်း ဘေးမှ
diode ပျက်လျှင်၊ထိုvoltများကိုတွေ့ရမည်မဟုတ်ပါ။ထို့အတူ power ic ခဲလွတ်ခြင်းနှင့်
ပျက်ခြင်းတခုခုဆိုလျှင်လည်းထိုvoltကိုတွေ့ရမည်မဟုတ်ပါ။စက်နိုးပြီဆိုရင်တော့ 3.4v
နေရာမှာ 3.6v,3.7vရှိလာပြီး0vသို့ပြောင်းသည့်နေရာတွင် တောက်ရှောက် 0v အဖြစ်
ရောက်သွားပါမည်။ အားလုံးကောင်းပြီဆိုလျှင် ရှေ့ဆက်ပါမည်။


အထက်ပါပုံထည်းကအတိုင်း volt များရှိ/မရှိ စစ်ရပါမည်။ထိုနေရာများတွင် 3.6V/3.7V
ပြနေမည်ဆိုပါက power ic ခဲချက်များလွတ်နေခြင်းဟု သတ်မှတ်ပါမည်။ဒါမှမဟုတ်မည်သည့်
volt မှမပြပဲရှိနေလျှင်batteryconector မှtransistor,diodeတို့ကြောင့် ဖြစ်ပါသည်။
3.3Vပြရမည့်အစားတလုံးသို့မဟုတ်နှစ်လုံး၊သုံးလုံးလောက်က0Vဖြစ်နေခဲ့လျှင်ထို 0V ပြနေသောအစိတ်အပိုင်းများ shortကြောင့်သာဖြစ်သည်။ထို 0V ပြနေသည့် အပိုင်းကို
ဖြုတ်လိုက်လျှင် အစားထိုးပြန်မတပ်မှီ ထိုနေရာများတွင်3.6V,3.7V ကို တွေ့ရမည်ဖြစ်ပြီး
အစားထိုးတပ်၍ ပြန်တိုင်းမည်ဆိုလျှင် 3.3V,3.4V ကိုပြန်တွေ့ရပါလိမ့်မည်။
3.3Vပြရမည့် အစားတလုံးသို့မဟုတ်နှစ်လုံး၊သုံးလုံး လောက်က
0Vဖြစ်နေခဲ့လျှင်ထို0Vပြနေသောအစိတ်အပိုင်းများshortကြောင့်သာဖြစ်သည်။
ထို0Vပြနေသည့်အပိုင်းကိုဖြုတ်လိုက်လျှင်အစားထိုးပြန်မတပ်မှီထိုနေရာများတွင်
3.6V,3.7Vကိုတွေ့ရမည်ဖြစ်ပြီးအစားထိုးတပ်၍ ပြန်တိုင်းမည် ဆိုလျှင် 3.3V,3.4V
ကိုပြန်တွေ့ရပါလိမ့်မည်။ဒီအပိုင်းအားလုံးအဆင်ပြေပြီဆိုလျှင်crystalကိုဆက်စစ်ပါမည်။
စက်တလုံးနိုးခြင်းမနိုးခြင်း၏အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်သည်။ထိုcrystal အလုပ်
မလုပ်လျှင် လုံးဝ နိုးမည် မဟုတ်ပါ။


32.768 KHz ခုန်လှိုင်းကို ထုတ်ပေးပါသည်။XTAK32_IN ဆိုသောဘက်တွင်00.1v,00.2v တခုခုရှိနေရပါမည်။ထိုနေရာvolt မတွေ့ခဲ့လျှင်Power ic မှoscillationမထွက်ခြင်း သို့မဟုတ် C321 short ဖြစ်နေခြင်းတို့ကြောင့်ဖြစ်ပါသည်။


ပါဝါခလုတ်မနှိပ်မှီ XTAL32K_OUT ဆိုသောဘက်သို့ supply test ဘက်မှလက်တံအနီကို
ထောက်ထားပြီးပါဝါခလုတ်နှိပ်ပါ။ထိုအခါcrystalကောင်းမည်ဆိုပါကထိုနေရာတွင်စက္ကန့်
ပိုင်းလောက်00.1V,00.2Vကိုတွေ့ရပါလိမ့်မည်။အမှန်တကယ်crystalကောင်မကောင်း
ဆိုသည်မှာ Oscilloscope ဖြင့်တိုင်းမှအတိအကျသိနိုင်ပါသည်။ကျွန်တော့် နည်းလမ်းမှာ
အဆင်အပြေဆုံးနှင့်အလွယ်ကူဆုံး ဟု့ပြောရပါလိမ့်မည်။


အကယ်၍ XTAL32K_OUTတွင်voltမတွေ့ခဲ့လျှင် crystal ပျက်ခြင်း သို့မဟုတ် C320 short
ကျခြင်းတို့ကြောင့်ဖြစ်ပါသည်။၎င်းတို့ကိုလဲပေးလိုက်လျှင် အားလုံးအဆင်ပြေပြီး အောက်ပါ
ပုံအတိုင်း volt ထွက် တွေ့ရပြီဆိုလျှင်၎င်း စက်သားသည် ကောင်းမွန်စွာ နိုးနေခြင်းကို
တွေ့ရပါလိမ့်မည်။


စက်သားတွင်နိုးသွားသည်ဆိုသည်နှင့်ပထမပြနေသော3.3v/3.4v တို့သည် အသီးသီ3း.6v/3.7v
သို့ပြောင်း၍ power ic မှထပ်မံထွက်လာသောvolt အသီးသီးကိုတွေ့ရှိရမည်ဖြစ်သည်။


ထိုကဲ့သို့ volt အသီးသီးကို စုံလင်စွာတွေ့ရှိမှသာ ပထမအဆင့်စက်နိုးသုံးသပ်ချက်ရရှိပါမည်။
ဒုတိယသုံးသပ်ချက်ကို ဆက်လေ့လါပါမည်။ဒီအပိုင်းကတော့ cpu နှင့် emmc အပိုင်းပါ။အောက်ပါ
ပုံထည်းမှာတွေ့ရသလို volt များထွက်ခြင်းရှိ-မရှိကိုစစ်ရပါမည်။


ဒီအပိုင်းကို စစ်ကြည့်ရခြင်းအကြောင်းရင်းမှာ-တချို့သောစက်များတွင် ပါဝါခလုတ်သို့ 1.4v
ထွက်ရှိသော်လည်းစက်နိုးလိုက်လျှင် 0.3 amp အထိတက်ပြီး ပြန်လွှတ်လျှင် amp ပြန်ကျခြင်းနှင့်
transistor 0v ပြောင်းမည့်ငုတ်တွင် 3.7v ထွက်ရမည့်အစား volt လုံးဝမရှိခြင်း။
Power ic တွင် မူရင်းရှိရမည့် 3.3v/3.4v တို့အစား 3.6v/3.7v တို့ကိုသာတွေ့ရှိခြင်း။ တချို့စက်
များတွင်amp တက်လိုက်ကျလိုက်ရှိနေပြီး ရုတ်တရက်ကြည့်လျှင်စက်နိုးသည်ဟုထင်ရသော်လည်း
Display ရုပ်မပေါ်သည့်အခါ backlight အပိုင်းကို လွဲမှားစွာ ကိုင်တွယ်မိခြင်းကြောင့်အဆင်မပြေ
သည် များကြုံရသည့်အတွက် cpu နှင့် emmc အပိုင်းသို့ volt ထွက်စစ်ကြည့်၇ခြင်းဖြစ်ပါသည်။
တချို့သောစက်များတွင်power ic ဝန်းကျင်တွင် 3.6v,3.7v ကိုသာ တွေ့ရပြီး0v ပြောင်းရမည့် transistorငုတ်တွင်လည်းမည်သည့်voltမှမတွေ့ပဲရှိနေပြီးpowerခလုတ်တွင်1,4vထွက်ပြီးpower
နိုးလျှင်0.3ampလောက်တက်ပြီးပြန်လွှတ်လျှင်ampပြန်ကျသောစက်များသည်
poweric reheat လုပ်ခြင်းနှင့်ဖြေရှင်းနိုင်သော်လည်း များသောအားဖြင့် crystal မဆွဲတော့သည့်အတွက် power ic လဲမှသာလျှင် ကောင်းသည်ကိုတွေ့ရပါသည်။

အခုလို သဘောကို နားလည်ပြီဆိုရင်တော့ မိမိကိုင်သောစက်သည် နိုးမည်။မနိုးဘူးဟူသော
သဘောကို ရပြီဟု ထင်ပါသည်။ထိုက်သင့်သလောက်နားလည်သွားသည်နှင့် မည်သည့်စက်ကို
မဆို ချင့်ချိန်စွာ ကိုင်နိုင်လာလိမ့်မည်ဟုယုံကြည်ပါသည်။

သိမ်းထားလိုသူများအတွက်

Download Here

Thanks & Credit to: mgnaingmarmobile