Matrix Computer And Mobile မှ New Year Promotion အစီအစဉ်ပြုလုပ်လျက်ရှိ

ပို့စ်တင်ချိန် - 1/16/2014 07:40:00 AM


အတွဲ (၁၅)၊ အမှတ် (၃)
ရန်ကုန်နှင့် မန္တလေးမြို့များ၌ရှိသော Matrix Computer and Mobile ဆိုင်များတွင် New Year Promotion အစီအစဉ်ကို ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ New Year Promotion အစီအစဉ်အရ Touch စနစ်အသုံးပြု Mobile Handset တစ်လုံး ဝယ်ယူသူတိုင်းကို လက်ဆောင်ပစ္စည်း ၁၀ မျိုး ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် ဆိပ်ကမ်းသာ လမ်း၌တည်ရှိသော Matrix II Computer and Mobile ဆိုင်တွင် ဆိုင်ဖွင့်ပွဲတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငွေကျပ် ၅၀၀၀ နှင့် အထက် ဝယ်ယူပါက လက်ဆောင်ပစ္စည်းတစ်ခုကိုလည်းကောင်း၊ PC နှင့် Notebook ဝယ်ယူသူများ အနေဖြင့် လက်ဆောင်ပစ္စည်း ၁၀ မျိုး၊ တစ်သက်တာ လက်ခမဲ့ Service နှင့် Software Installation ဝန်ဆောင်မှုကို ရရှိမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက်များကို  Matrix Computer And Mobile ဖုန်း- ၃၇၈၈၄၃၊ ၀၂-၆၈၁၈၂ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။



အေးဖြူ
Internet Journal