Myanmar Unique Computer(MUC) မှ နှစ်သစ်ကူးအထူး ပရိုမိုးရှင်းပြုလုပ်

ပို့စ်တင်ချိန် - 1/15/2014 06:40:00 AM


အတွဲ (၁၅)၊ အမှတ် (၃)
Myanmar Unique Computer (MUC) မှ နှစ်သစ်ကူး အထူးပရိုမိုးရှင်းတစ်ရပ် ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ အထူးအစီအစဉ် အနေဖြင့် Ncomputing Access Terminal Devices များကို Yangon ICT Fair ( IT & Mobile ) ပြပွဲ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ၍ ၂၀၁၄ ဇန်နဝါရီလ ၂၇ ရက်အထိ အထူးဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အထူးပရိုမိုးရှင်းအစီအစဉ် အနေဖြင့် Ncomputing Access Terminal Devices များကို Series အလိုက် ကျပ်တစ်သောင်းကျပ်မှ ကျပ်ငါးသောင်းအထိ ဈေးနှုန်း လျှော့ချထားမည်ဖြစ်သည်။ ဈေးနှုန်းလျှော့ချရောင်းချ ရာတွင်   X-Series Model X-350 ကို ယခင် နှစ်သိန်းရှစ်သောင်းကျပ်မှ ယခုအခါ နှစ်သိန်းခြောက်သောင်းကျပ်ဖြင့်လည်းကောင်း၊ X-550 ကို ယခင် သုံးသိန်းရှစ်သောင်းကျပ်မှ ယခုအခါ သုံးသိန်းခြောက်သောင်းကျပ်ဖြင့်လည်းကောင်း၊ M-Series Model M-300 ကို ယခင်လေးသိန်းတစ်သောင်း ကျပ်မှ ယခုအခါ သုံးသိန်းခြောက်သောင်းကျပ်ဖြင့်လည်းကောင်း၊ U-Series Model U-170 ကို ယခင် တစ်သိန်းနှစ်သောင်းငါးထောင်ကျပ်မှ ယခုအခါ တစ်သိန်းတစ်သောင်းငါးထောင်ကျပ်ဖြင့်လည်းကောင်း၊ L-Series Model L-130 ကို ယခင် တစ်သိန်းခြောက်သောင်းငါးထောင်ကျပ်မှ ယခုအခါ တစ်သိန်းငါးသောင်းကျပ်ဖြင့်လည်းကောင်း၊ L-230 ကို ယခင် နှစ်သိန်းငါးထောင်ကျပ်မှ ယခုအခါ တစ်သိန်းရှစ်သောင်းကျပ်ဖြင့်လည်းကောင်း၊ L-300 ကို နှစ်သိန်းနှစ်သောင်းငါးထောင်ကျပ်မှ ယခုအခါ နှစ်သိန်းကျပ်ဖြင့်လည်းကောင်း၊ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။



စိတ်ပါဝင်စားသူများ အနေဖြင့် MUC Computer ဆိုင်၊ အမှတ်(၂၀၄)၊ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ် ဖုန်း၊ ၃၈၅၉၇၈ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည်ဖြစ်သည်။
Internet Journal