ပရိတ်သတ်တစ်ယောက်သေဆုံးမှုအတွက် ၀မ်းနည်းစကားဆိုလိုက်တဲ့ One Direction အဖွဲ့

ပို့စ်တင်ချိန် - 1/25/2014 01:48:00 PM


One Direction အဖွဲ့သားတွေဟာသူတို့ရဲ့ အရေးပါဆုံး ပရိတ်သတ်တစ်ယောက်သေဆုံးခဲ့မှုအတွက် ၀မ်းနည်းကြေကွဲနေရပါတယ်။

Magda လို့လူသိများတဲ့ အသက် ၁၆ နှစ်အရွယ် Magdalena Szablinska ရုတ်တရက်သေဆုံးခဲ့တဲ့သတင်းက သူတို့အဖွဲ့ကို ထိခိုက်ကြေကွဲစေခဲ့တာပါ။

Magda ဟာဒီအပါတ်ရဲ့အစောပိုင်းက heart attack ခံစားခဲ့ရတာပါ။

ဒီဆယ်ကျော်သက်ကောင်မလေးဟာ London မြို့ကသူမရဲ့ကျောင်းနားမှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင်မှာ မေ့လဲကျပြီးတဲ့နောက်ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် ဆရာဝန်တွေက သူမရဲ့အသက်ကိုမကယ်တင်နိုင်ခဲ့ပါဘူး။

“Magda ရဲ့သီတင်းကိုကြားရတာ မယုံနိုင်လောက်အောင် ၀မ်းနည်းစရာကောင်းပါတယ်။ သူမဟာ အလွန်ချစ်စရာကောင်းပါတယ်။ ကျွန်တော်သူမနဲ့ သူမရဲ့မိသားစုအကြောင်းစဉ်းစားနေပါတယ်” လို့ Magda နဲ့ဓာတ်ပုံတွဲရိုက်ဖူးတဲ့ Harry Styles ကသူ့ရဲ့ twitter စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

“ကျွန်တော်တို့ဒီကိစ္စနဲ့ပါတ်သတ်ပြီးသဘောတူညီမှုရရှိဖို့ကြိုးစားနေပါတယ်။ သူမဟာ နတ်သမီးတစ်ပါးဖြစ်ပြီး အားလုံးကလဲဒီလိုပဲပြောပါတယ်။ လူတော်တော်များများ ဟာသူတို့ရဲ့လေးစားမှုကိုပြသဖို့ကျွန်တော်တို့ကို ဆက်သွယ်ကြပါတယ်။ သူမ ချစ်ခင်နှစ်သက်ခြင်းခံရပါပြီ” လို့ Madga ရဲ့ဖခင် Tadeusz ကပြောပါတယ်။

One Direction ရဲ့အခြားပရိတ်သတ်တွေကလဲ လေးစားမှုကိုပြသခဲ့ကြပါတယ်။ Magda ရဲ့ @1DCrew account မှာ follower ပေါင်း ၁၀၀၀၀ ရှိလာပါတယ်။

Ref:starpulse.com
Trend Myanmar