စက်တပ်လေးထီး(Paramotor) ကို အမြင့်ပေ ၁၀၇၀ထိ အောင်မြင်စွာ စီးနင်းပြသ

ပို့စ်တင်ချိန် - 1/03/2014 04:50:00 PM


လားရှိုး၊ဇန္န၀ါရီ ၃။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး Paramotor(လေထီးစက်တပ်ယာဉ်)စီးနင်းခဲ့သူ မြန်မာနိုင်ငံသားတစ်ဦးက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ အေးရှားဝေါ်တိုးဂိတ်အနီးရှိ လယ်ကွင်းပြင် တစ်နေရာ၌ ဒီဇင်ဘာ၃၁ရက်နှင့် ဇန္န၀ါရီ၁ရက်နေ့၊နေ့လည်၂း၃၀နာရီအချိန်တွင် ထပ်မံစီးနင်းပျံသန်းပြသသွားခဲ့သည်။

အဆိုပါစီးနင်းပျံသန်းပြမည့် အကြောင်းကို သတင်းမီဒီယာဝက်ဆိုက်များတွင် ကြိုတင်ဖေါ်ပြထားသည့်အတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်အားပေးသူများ၊ သတင်းမီဒီယာများ၊ အာဏာပိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်အသီးသီးလာရောက် အားပေးကြသည်။

၎င်းလယ်ကွင်းပြင်၌ မွန်းတည့်အချိန်တွင် စတင်ပျံသန်းပြရာအမြင့်ပေ၁၀၇၀အထိ ပျံသန်းပြီးပျံသန်းကြာချိန်မှာ ၁နာရီ၁၅မိနစ်အထိအောင်မြင်စွာ ပျံသန်းစီးနင်းပြသသွားသည်။

အဆိုပါ ပုဂ္ဂိုလ်သည်Paramotorကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး စီးနင်းပျံသန်းခဲ့သူ အသက်၄၆နှစ်အရွယ် ကိုကျော်စိုးအောင်ဆိုသူဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ ဇာတိဖြစ်ကာ တောင်ကြီးတက္ကသိုလ်တွင်၊ ရူပဗေဒဘာသာရပ်ဖြင့်ဘွဲ့ရ တစ်ဦးလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင်၂၀၁၁ခုနှစ်၌ glider(စက်မဲ့ယာဉ်)ကို စတင်စီးနင်းပျံသန်းလေ့ကျင့်ရင်း ၂၀၁၂ခုနှစ်တွင် အဆိုပါParamotorကို စတင်စီးနင်းပျံသန်းလာခဲ့ခြင်းဖြစ်သည်ဟု ကိုကျော်စိုးအောင်ကပြောသည်။
စီးနင်းပျံသန်းခြင်းနှင့်ပတ်သက်၍စီးနင်းပြသသူကိုကျော်စိုးအောင်က “ပါရာမိုတာဆိုတာတနည်းပြောရရင် လူသားတွေရဲ့ နည်းပညာတခုပါပဲ၊ ကောင်းကင်မှာပျံသန်းနေတဲ့ ငှက်တွေလို လူကိုယ်တိုင် ပျံသန်းနိုင်အောင် ဖန်တီးကြတာပါ၊ ကောင်းကင်ကနေ အတွေးအခေါ် ဗဟုသုတတွေကို ရယူနိုင်ပြီး တီထွင်ကြံဆနိုင်တဲ့ စိတ်စွမ်းအားမျိုးတွေကိုလည်း ပေးပါတယ် ။ တိုင်းပြည်အတွက် အကျိုးရှိနိုင်တဲ့ အားကစားတရပ်မို့ မျိုးဆက်သစ် လူငယ်၊လူရွယ်တွေကို ကြိုဆိုပါတယ်၊ မြန်မာလူမျိုးတွေကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတာပြသလိုက်တာပါ”ဟု အဆိုပါစီးနင်းသူကိုကျော်စိုးအောင်က ဆိုသည်။
ယင်းအတူကိုကျော်စိုးအောင်နှင့်အတူ စီးနုင်းပြသမည့်ဝါသနာရှင် မျိုးဆက်သစ်လူုငယ် ကိုကျော်ကျော်ဦးကလည်း “ဒီအားကစားနည်းကို အရမ်းဝါသနာပါလွန်းလို့ ကိုကျော်စိုးအောင်ဆီမှာလေ့လာသင်ကြားနေတာပါ၊ ဒီလိုပါလာမိုတာစီးနင်းနိုဖို့အတွက် အချိန်အများကြီးယူပြီးမှ စီးနိုင်တာပါ၊ ကျွန်တော်ကတော့ အမြင့်ပေသုံးရာလောက်ပဲ တက်နိုင်ပါတယ်၊ တကယ်အကျိုးရှိတဲ့ အားကစားဆိုတာသိလို့ ကျေနပ်မိပါတယ်။ ကျနော့်လိုပဲ လူငယ်တွေကိုဖိတ်ခေါ်ချင်တယ်၊ ကောင်းကင်ပေါ်က အသိပညာတွေကို ဆွတ်ခူးကြပါလို့ပြောချင်တယ်၊ အရာရာအားလုံးကိုသတိကပ်ပြီးစီးနင်းရတဲ့အတွက် စဉ်းစားတွေးခေါ်တတ်တဲ့အမြင်တွေ ရလာပါတယ်၊ စွန့်စွန့်စားစားနဲ့ မှန်ကန်ဆုံးဖြတ်နိုင်တာမို့ လူုငယ်တွေရဲ့ တက်ကြွအားကစားပါလို့ ပြောချင်ပါတယ်”
ဟုလူငယ်ဝါသနာရှင်ကိုကျော်ကျော်ဦးကပြောသည်။

မြန်မာနိုငံတွင်Paramotorအားကစားမရှိသည့်အတွက် လူုသိနည်းနေကြောင်း၊ ယခုလိုပါရာမိုတာစီနင်းနိုင်ရန် YAMAHAဆိုင်ကယ် အင်ဂျင်စက်ကို အသုံးပြုတီထွင်ပြီး ထိုင်းနိုင်ငံမှညီဖြစ်သူ၏ အကူအညီဖြင့် လေထီးအဟောင်းကို ပြုပြင်ကာ စီးနင်းနေခြင်းဖြစ်ကြောင်း၊ ပါရာမိုတာစီးနည်းစနစ်ကို အင်တာနက်ဝက်ဆိုက်မှတစ်ဆင့် သီအိုနည်းကျကျ လေ့လာရင်း ကောင်းကင်ပေါ်ကိုအောင်မြင်စွာ မောင်းနှင်နိုင်တာဖြစ်ကြောင်း၊ အဆိုပါစက်တပ်လေယာဉ်မှာ သစ်သားဒလက်ပန်ကာနှင့် အင်ဂျင်မော်တာ ချိပ်ဆက်ကာ တွန်းကန်အားဖြင့် လေထီးကို ပဲ့ထိန်းသဘောအဖြစ် ဖန်တီးထားပြီး ယခုလိုပါရာမိုတာ စီးနင်းပျံသန်းခြင်းဖြစ်ကြောင်း လေ့လာမှုအရသိရသည်။
ပါရာမိုတာ၏ကိုယ်ထည်မှာ အလူမီနီယံဖြင့်ဖွဲ့စည်းထားပြီး လေထီးအပါအ၀င် အလေးချိန်စုစုပေါင်းမှာ၄၅ပိသာရှိ၍ စီနင်းသူလူ၏အ လေးချိန်နှင့်ဆိုရင် ပိသာချိန်၇၀ဖြင့် ကောင်းကင်သို့ တက်ကာစီးနင်းပြသနေသည်ကို တွေ့ရသည်။

ယင်းကဲ့သို့ပျံသန်းနိုင်ရေးအတွက် ကိုယ်ကာယကျန့်ခိုင်မှုကောင်းမှ သာစီးနင်းပျံသန်းနိုင်သည်ဟုလည်း အဆိုပါကိုကျေုာ်စိုးအောင်က ဆက်လက်ပြောပြသည်။

ပါရာမိုတာစီးနင်းပျံသန်းခြင်းကိုလာရောက်အားပေးသူ ကျောက်မဲမြို့ခံတစ်ဦးက“အရမ်းကြည့်လို့ကောင်းသလို မြန်မာဟေ့လို့ ဂုဏ်ယူဝံ့ကြွားခဲ့မိပါတယ်၊ ကိုယ့်နိုင်ငံသားတစ်ဦးက ကောင်းကင်ပေါ်တက်ပြနိုင်တယ်လို့မြင်ရင်း အားပေးတယ်၊ ပြောရရင်ဂုဏ်ယူချင်တဲ့ စိတ်နဲ့၊မြန်မာဟေ့လို့ ဟစ်ကြွေးချင်တာကြာပါပြီ၊ လူငယ်၊ လူရွယ်တွေအတုယူကြိုးစားပြသင့်တဲ့ အားကစားဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု အဆိုပါမြို့ခံ မနန်းမြင့်စိန်က ပြောဆိုသည်။
ယင်းကြောင့် မြန်မာနိုင်ငံတွင် Paramotor အားကစားကို မြင့်တင်အားပေးပါက တိုင်းပြည်အတွက် အကျိုးပြုလုပ်ငန်းများတွင် ထည့်သွင်းအသုံးချသွားနိုင်တယ်ဟုလည်း တက်ရောက်အားပေးလာသူ ပရိတ်သတ်အသိုင်းအ၀ိုင်း၏ သုံးပြောဆိုသံများအရ သိရသည်။
ထွန်းထွန်း၊စိုမင်းနိုင်။
မြန်မာခေတ်