RHC Founder (သို့မဟုတ်) မြန်မာလူငယ် Entrepreneur (သို့မဟုတ်) Computer Network Engineer ကိုစိုင်းလင်းသူနှင့် တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 1/19/2014 03:15:00 PM


မေး - RHC ဆိုတာဘာလဲပြောပြပေးစေချင်ပါတယ် ?

ဖြေ - Professional Computer Network Engineers တွေ ထုတ်လုပ်မဲ့ စက်ရုံတစ်ခုပါ. Computer Network Engineer တစ်ယောက် အနေနဲ့ ယုံကြည်မှုရှိရှိအလုပ်လုပ်နိုင်အောင် အရည်အချင်းတွေကိုဆွဲထုတ်ပေး မဲ့ နေရာတစ်ခု (Skills Extraction Place) လို့လည်းပြောလို့ရပါတယ် …

မေး - RHC ရဲ့ အဓိပ္ပါယ် က ဘာလဲမသိဘူးနော် ?

ဖြေ - ကျွန်တော့်  ပထမဆုံး Networking Class သင်တဲ့ အချိန်တုန်းက ကျွန်တော် နေတဲ့အိမ်ရှေ့က လမ်းနာမည်ပါ … Redhill Close လို့ခေါ်ပါတယ် … အတိုကောက် RHC ဆိုပြီးပေးလိုက်တာပါ …

မေး - RHC ကိုဘယ်လို idea နဲ့ စတင်ခဲ့သလဲ. ပြီးတော့ ဘာကြောင့်လဲ ?

ဖြေ - ကျွန်တော် RHC ကိုစလုပ်ကတည်းက very simple and focus idea နဲ့ စခဲ့တာပါ … Computer Network Engineer ဖြစ်ဖို့ ဘယ်လောက် လွယ်ကူတယ်. ရှုပ်ထွေးတဲ့ ခက်ခဲတဲ့ Technology ကိုအလွယ်ဆုံးဖြစ်အောင် ဘယ်လိုသင်မယ်.ကျွန်တော် ၂နှစ်လောက်လေ့လာခဲ့ရတဲ့ အကြောင်းအရာတစ်ခုကို ၁ နာရီအတွင်းနားလည်သွားအောင် ဘယ်လိုသင်မယ်.စင်ကာပူမှာဆိုလမ်းကြောင်းတွေရှိတယ် … ဘယ် company မှာဘယ် position ကို join ရင် လစာဘယ်လောက်ရမယ်. ဘာအရည်အချင်းတွေ လိုအပ်တယ်. ဘယ်လို ပြင်ဆင်ရမယ်. ဘယ်လိုအထာတွေရှိတယ်. ဥပမာ - ကျွန်တော် အသက် ၂၁ နှစ်မှာလစာဒေါ်လာ ၂၀၀၀ နဲ့ လုပ်တယ် .လုပ်သက် ၄/၅ နှစ်ကြာတဲ့ အခါမှ ၄၅၀၀ လောက်ရတယ်.၄၅၀၀ ရဖို့ ၄/၅ နှစ် အချိန် မပေးဘဲရနိုင်တဲ့ နည်းလမ်းမျိုးတွေရှိတယ်ဆိုတာကို guide လုပ်ပေးဖို့.ခုဆိုဒီမှာအလုပ် လုပ်တာ ၈ နှစ်ရှိသွားပြီ.ဘ၀အတွက် သေချာခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ရပ်တည်နိုင်အောင်လို့ ..အရှင်းဆုံးပြောရရင် ကျွန်တော် ခုလက်ရှိနေရာရောက်ဖို့ ၁၀နှစ်လောက် အူကြောင်ကြောင်နဲ့ ဖြစ်သန်းခဲ့ရတယ်။ ၁၀ နှစ် အချိန်ပေးဖို့ လိုလို့လားစဉ်းစားကြည့် တယ်.မလိုဘူး ဆို တဲ့ အဖြေထွက်လာတယ်။ Computer Network Engineer ပညာရပ်ဟာခက်ခဲတဲ့ Rocket Science ပညာရပ် မဟုတ်ဘူးဆိုတာရယ်.လူငယ်တွေရဲ့ အချိန်တွေ ခွန်အားတွေကို မ မျှမျှတတအသုံးချရုံနဲ့ Professional Network Engineer တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာကိုသက်သေပြဖို့ RHC ကိုစတင်ခဲ့တာပါ.လုပ်ချင်လို့ လုပ်တာလည်းပါပါတယ်.

နောက် ရည်ရွယ်ချက်တစ်ခုကတော့ ၂၀၁၀ ဒီဇင်ဘာလောက်မှာ Japan နိုင်ငံ Business School တစ်ခုဖြစ်တဲ့ “Globis University Graduate School of Management” ကနေ MBA တက်ဖို့ Scholar ရပါတယ်.အဲဒီကျောင်းရဲ့ Theme က “Visionary Leaders who Create and Innovate Societies”…ဇာတ်လမ်းကအဲဒီကနေစတာ.ပြီးတော့ အဲဒီမှာကျောင်းသွားတက်မယ်ဆိုရင် စင်ကာပူကနေအလုပ်ထွက်ပြီး သွားတက်ရမှာ.အကြိမ်ကြိမ်စဉ်းစားတယ်. ကိုယ့်ကိုကိုယ် မသေချာသေးတဲ့ အတွက် University ကိုတစ်နှစ်ရွှေ့ခွင့်တောင်းလိုက်တယ်.အဲဒီတစ်နှစ် အတွင်းအလကားမနေဘဲဟိုမှာသွားတက်တဲ့ အခါ အဆင်ပြေအောင် အဲဒီကျောင်းက Professors တွေ .လက်ရှိတက်နေတဲ့ ကျောင်းသားတွေကို contact လုပ်ပြီးလေ့လာရမဲ့ ဘာသာရပ်တွေ စာအုပ်တွေ blog တွေ ကြိုမေးပြီးဖတ်ဖြစ်တယ်. အဲဒီမှာ Entrepreneurဆိုတဲ့ ဘာသာရပ်ကိုသွားတွေ့တယ်. ကျွန်တော် Jim Collins ရဲ့ Good To Great စာအုပ်ရယ်.37 Signals က David ရဲ့ အကြောင်းရယ်. Guy Kawasaki ရဲ့ The Art of the START ကိုဖတ်ပြီးတော့ Startup တစ်ခုစလုပ်မယ် ဆိုပြီးတော့ RHCကိုစခဲ့ပါတယ်. အဲဒီစာအုပ်တွေထဲကဖတ်ထားတဲ့ သီအိုရီတွေကိုစမ်းသပ်ချင်တာလည်းပါပါတယ်.အဲဒီလိုနဲ့ RHC ကိုစွဲလမ်းသွားပြီး Japan မှာ MBAလည်းသွားမတက်ဖြစ်တော့ပါဘူး.

မေး - RHC ကိုစတော့ ကျောင်းသားဘယ်နှစ်ယောက်နဲ့ စခဲ့ပါသလဲ ?

ဖြေ - ၄ ယောက် ရှိပါတယ်. မြန်မာ နှစ်ယောက်ရယ်. စင်ကာပူတစ်ယောက် ရယ်. China က တရုတ်လူမျိုးတစ်ယောက်ရယ်.သူငယ်ချင်းတွေ ပါ.နိုင်ငံခြားသားပါတော့ ပထမဆုံး class မှာပဲ English လိုသင်ရပါတယ်.ကျွန်တော့ ဘ၀ရဲ့ အမှတ်တရပေါ့.

မေး - ခု RHC ရဲ့လက်ရှိအခြေအနေရော ?

ဖြေ - ကျွန်တောတို့ရဲ့ RHC Facebook Page (ww.facebook.com/RhcTechnologies) နဲ့ ဝဘ်ဆိုဒ် (www.rhctechnologies.com) မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်.

မေး - Entrepreneurship ကို စိတ်ဝင်စားတယ်ဆိုတော့ RHC ကိုအရင်းအနှီးဘယ်လောက်နဲ့ စတင်ခဲ့လဲ ?

ဖြေ - zero dollar capital.သူတို့ ဆီကရတဲ့ သင်တန်းကြေးနဲ့ projector တို့ စာသင်ခုံတို့ ၀ယ်ပါတယ်.Lab Devices တွေက ကျွန်တော့ဆီမှာရှိပြီး သား.စာသင်တဲ့နေရာက အိမ်မှာဆိုတော့ အခန်းငှားခလည်းပေးစရာ မလိုဘူးလေ.အရင်းအနှီးက ကျွန်တော့ရဲ့ အားလပ်ချိန် weekendsရယ်. ဦးနှောက်ရယ်. ဒီနှစ်ခုပါပဲ.

မေး - မြန်မာအိုင်တီလောကအခြေအနေကိုဘယ်လိုမြင်ပါသလဲ ?

ဖြေ - တကယ်ပြောရမှာလား ?ကျွန်တော် ကျောင်းသားဘ၀ တုန်းကနဲ့ ယှဉ်ရင် အများကြီးကောင်းပါတယ်.အခုခေတ် အခြေအနေနဲ့ တိုင်းတာရင်တော့ အားမရဘူး.

မေး - အစ်ကိုအခုလက်ရှိဘာတွေလုပ်နေပါလဲ ?

ဖြေ - လက်ရှိ Full Time အလုပ်အနေနဲ့ Cisco Gold Partner Company တစ်ခုမှာ Senior Network Engineer အလုပ်အနေနဲ့ အလုပ်လုပ်နေပါ တယ်.Weekendsမှာ RHC မှာစာသင်ပါတယ်. Class တွေလည်းများ လာပြီးကျောင်းသားတွေလည်းများလာတော့ စိတ်တူကိုယ်တူသူငယ်ချင်း တစ်ချို့လည်း ပါဝင်လာပြီး သင်ပေးပါတယ်.အားလုံးကစင်ကာပူမှာပဲ Professional Network Engineers အဖြစ် အလုပ်လုပ်နေကြသူတွေပါ.ခုဆို Weekdays ညပိုင်းတွေမှာလည်းအားရင် အားသလိုစာသင်ပါတယ်. Company အလုပ်က ၆ နာရီလောက်ဆိုပြီးပြီဆိုတော့ .အတန်းတွေကို ည ၈ နာရီ က နေ ၁၀ နာရီ ၁၁ နာရီလောက်ထိသင်ပါတယ်.ပြီးတော့ RHC မှာလာတက်တဲ့ ကျောင်းသားတွေရဲ့ သူတို့မှာရှိနေတဲ့ အရည်အချင်းတွေကို ဘယ်လိုဆွဲထုတ်ရမလဲဆိုတာကိုအမြဲစဉ်းစားတယ်.ခုလက်ရှိတော့ RHC မှာ Trainer လုပ်မဲ့ Instructor တွေကိုဘယ်လို Trainရမယ်ဆိုတဲ့ Course Design / Model / Teaching Techniques / Teaching Styles တွေကိုရေးဆွဲနေပါတယ်. Train the Trainers Session ပေါ့.နောက်ပြီးအလုပ်ထဲကSeniorsတွေ Juniors တွေ Managers တွေ Directors တွေ Project Managers တွေ ဆီကနေသူတို့ရဲ့ တွေးခေါ်ပုံ အလုပ်လုပ်ပုံတွေကိုလေ့လာနေရ တာနဲ့တင် ပျော်နေတာပေါ့ဗျာ.


မေး - မြန်မာပြည်ရဲ့ Networking ပညာရပ်နဲ့ ဈေးကွက် အပေါ်ကိုသုံးသပ် ချက်လေးသိချင်ပါတယ်

ဖြေ - ဟိုးအရင်ကလူတိုင်း mobile ဖုန်းမကိုင်နိုင်ဘူး.ခုလူတိုင်းမှာ အနည်းဆုံး Device သုံးခုရှိတယ်.Mobile phone, Tablet (iPad), Computer ရယ်.အဲဒီ device တွေကလည်း Internet Ready.အင်တာနက် ဆိုတာလည်းထမင်းစားရေသောက်ဖြစ်နေကြပြီ. အင်တာနက်သုံးနည်း သင်တန်းဆိုတာတောင် မရှိတော့ဘူးထင်တာ ပဲ.အကျွမ်းတ၀င် ဖြစ်လာတာကိုပြောချင်တာပါ.နောက်ပြီးခုဆိုအဘိုးကြီးလည်းfacebook.အဘွားကြီးလည်းfacebook. မွေးခင်းစအာဗြဲလေးလည်းfacebook.တစ်ချို့ သူငယ်ချင်းတွေဆိုသူတို့ ကလေးတောင် မမွေးသေးဘူးfacebook အကောင့်က ဖွင့်ပြီးထားပြီးလာ add ထားပြီ. အဲဒီလိုခေတ်ကိုရောက်နေပြီ. အဲဒါတွေ အားလုံးက Internet Protocol ကနေသွားတာ.အဲဒါတွေရဲ့ Fundamental BackBone Infrastructure တွေကိုတည်ဆောက်နေတဲ့ အထဲမှာ Computer Network Engineers တွေ အများကြီး.ထပ်ပြီးတိုးလာ ဖို့ပဲရှိတယ်.အခုဆို မြန်မာနိုင်ငံမှာooredooတို့ Telenor တို့ ပြီးရင် banks တွေကနေခေါ်လိုက်တဲ့ Network Engineers အလုပ်တွေ အများကြီးပဲ. Network Engineers ဈေးကွက်ကို World Wide အနေနဲ့ ပြောရရင်

Those looking to get ahead in the networking field, or considering the potential of a career in networking, will find motivation in a Robert Half Technology (RHT) survey (as reported by Network World) regarding the 15 U.S. IT job titles most expected to see an increase in starting salaries between 2012 and 2013. Of the 15 jobs listed by RHT, 5 of them land squarely within the realm of networking:

Wireless network engineer: projected 7.9% increase; 2013 estimated starting salary range of $85,500 to $117,000
Network engineer: +7.8%; range of $80,750 to $116,250
Network architect: +7%; range of $102,250 to $146,500
Network manager: +7%; range of $88,500 to $122,500
Network administrator: +6.8%; range of $62,750 to $93,250
This positive news comes at a time when there is a continuing need, especially in the United States, to plug technical gaps in the work force. According to a 2012 Talent Shortage Survey conducted by ManpowerGroup, “49% of U.S. employers struggle to fill mission-critical positions.” In addition, the survey notes, “skilled trades, engineering, and IT positions continue to rank among the top 10 hardest jobs to fill, year after year.”

မေး - မြန်မာပြည်ရဲ့ ပညာရေးစနစ် အပေါ် ဘယ်လိုရှုမြင်သုံးသပ်ချင်ပါသလဲ?

ဖြေ - ဘယ်လိုမှ မသုံးသပ်ချင်ပါဘူး.ကျွန်တော်တို့ လူငယ်တွေ ဘာလုပ်နေသလဲဆိုတာပဲ စိတ်ဝင်စားပါတယ်.

မေး - Networking ဆိုတာကိုသာမန်လူတွေ သိရှိနားလည်အောင် Short Lesson လေးဖြစ်ဖြစ် အဖွင့်စကားလေး ဖြစ်ဖြစ် ပြောပေးပါဦး.
ဖြေ - ကျွန်တော်တို့ အစ်ကိုတို့Bus ကားစီးဖူးတယ်မလား. အဲဒီအတိုင်းပဲ. Computer Networkingဟာလေ့လာတတ်ရင် ကျွန်တော်တို့ နေ့စဉ် သွားလာလှုပ်ရှားမှုတွေ နဲ့ တစ်ထပ်တည်းကျတယ်. မလေ့လာတတ်ရင်တော့ ပင်ပန်းတာပေါ့.

မေး - မြန်မာ IT လူငယ်တွေကိုဘာအကြံပေးချင်ပါလဲ ?

ဖြေ - ကျွန်တော်တို့ရဲ့ ဦးနှောက်တွေ အချိန်တွေကဈေးပေါပေါပဲပဲ မဟုတ်ဘူးဆိုတာပါပဲ.တန်ဖိုးမဖြတ်နိုင်တဲ့ ဦးနှောက်တွေ ဖြစ်တယ်ဆို တာရယ်.တန်ဖိုးတက်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာကိုအမြဲတွေးနေဖို့ အကြံပေးချင်ပါတယ်.မြန်မာလူငယ်တွေ Globally Compete လုပ်ဖို့အတွက် အမြဲ ပြင်ဆင်နေဖို့ရယ်. Hey’ My Brain is expensive လို့ ရဲရဲကြီးပြောနိုင်အောင် လုပ်ဖို့ အကြံပေးချင်ပါ တယ်.နောက်ပြီး ကိုယ့်နိုင်ငံနဲ့ culture မတူတဲ့ လုပ်ပုံကိုင်ပုံစဉ်းစားပုံခြင်း မတူတဲ့ နိုင်ငံတွေကိုသွားပြီးမျက်စိကျယ်ကျယ်ဖွင့်ပြီး ကြည့်စေချင် တယ်.နားပါးပါးနဲ့ နားထောင်စေချင်ပါတယ်.။

ရိုးရာလေး အင်တာဗျူး
အောင်ခမ်း ( Yoyarlay )