စနူကာ လောကမှာ Ronnie O’Sullivan ကို ဘယ်သူမှ မယှဉ်နိုင်တော့ဘူးလား

ပို့စ်တင်ချိန် - 1/21/2014 09:07:00 PM

 
ခန့် မှန်းထားတဲ့အတိုင်းပဲ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ 2014 မာစတာ စနူကာပြိုင်ပွဲမှာ ကမ္ဘာ့စနူကာချန်ပီယံ Ronnie O’Sullivan က ဗိုလ်စွဲသွားခဲ့ပါပြီ။ 2014 Masters ပွဲစဉ်တစ်လျှောက်လုံး လက်စွမ်းပြလာခဲ့တဲ့ Ronnie O’Sullivan ဟာ ဖိုင်နယ်ပွဲစဉ်အဖြစ် မနေ့ က လက်ရှိချန်ပီယံ Mark Selby နဲ့ ယှဉ်ပြိုင်ကစားခဲ့ရမှာ အထူး လက်စွမ်းပြခဲ့ပြီး ၁၀- ၄  ပွဲ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့ပါတယ်။ ဒီ ဆု ဟာ အို ဆူလီဗန် ရဲ့ ကစားသမားဘ၀ ၅၃ ခုမြောက် ပရော်ဖက်ရှင်နယ်ဆုတံဆိပ်ဖြစ်ခဲ့ပြီး  ၊ Masters ဖိုင်နယ်ပွဲကို ၁၀ ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။



လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ် ပတ်ဝန်းကျင်လောက်က အိုဆူလီဗန်ဟာ ရှိသမျှပွဲစဉ်တိုင်းကို လိုက်လံကစားခဲ့တဲ့ အတွက် ပင်ပန်းနွမ်းနယ်ပြီး ပွဲပန်းတဲ့ဒဏ်ကြောင့် လက်ရည်တွေပါ ကျဆင်းခဲ့ပါသေးတယ်။ အခုနောက်ပိုင်းမှာ တော့ ဆူလီဗန်ဟာ ပွဲစဉ်တွေကို ရွေးချယ်ကစားခဲ့တဲ့အတွက်ကြောင့် သူ့ ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် သူဟာ ကမ္ဘာ့စနူကာချန်ပီယံဆု ငါးခု၊ Masters ချန်ပီယံ ငါးကြိမ်၊ UK ချန်ပီယံရှစ်မှာ လေးကြိမ် ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံး စနူကာကစားသမား စာရင်းမှာ နံပါတ် လေးနေရာကို ရရှိထားသူ ဖြစ်ပါတယ်။



Ref: starsports
Trend Myanmar