Samsung Galaxy Gear ဖြင့် BMW i3 ကား ထိန်းချုပ်နိုင်ပြီ

ပို့စ်တင်ချိန် - 1/08/2014 10:51:00 AM



ဂျာမနီ BMW က ထုတ်လုပ်တဲ့ BMWi3 လျှပ်စစ်ကားကို Samsung Galaxy Gear စမတ်နာရီဖြင့် ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ ယင်းနည်းပညာကို CES 2014 မှာ ဝင်ရောက် ပြသခဲ့ခြင်း ဖြစ်ပါတယ်။

ကားရဲ့  ဘက်ထရီ အခြေအေန၊ မောင်းနှင်မှုနှုန်း၊ Sunroof အဖွင့်အပိတ်၊ အဲယားကွန်းနဲ့ Entertainment စနစ်၊ ကား Lock ချ စနစ်၊ မြေပုံကြည့်ရှုခြင်း အစရှိသဖြင့် လုပ်ဆောင်ချက် အတော်များများကို Galaxy Gear စမတ်နာရီ ကနေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် Samsung Galaxy Gear မှာ Application တစ်ခု ထည့်သွင်း ရုံပါပဲ။ BMW i3 ဖြန့်ချိရောင်းချတဲ့ နိုင်ငံတိုင်း မှာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

လုပ်ဆောင်ခိုင်းစေချက်များကိုလည်း လက်နဲ့မထိပဲ အသံနဲ့ စေခိုင်းရုံ ( Voice Command ) နဲ့ ပါ အသုံးပြုလို့ ရအောင် ဖန်တီးထားကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( ရိုးရာလေး )
Yoyarlay