အော်ပရေတာလိုင်စင်ရပါကဆက်သွယ်ရေးကွန်ရက်များချက်ချင်းကောင် အထည်ဖော်နိုင်ရန်Telenor ပြင်ဆင်

ပို့စ်တင်ချိန် - 1/27/2014 01:49:00 PM



27-1-2014 (Myanmar Digital Life Journal)

မိုဘိုင်းလ်ဆက်သွယ်ရေးအော်ပရေတာတင်ဒါအောင်မြင်ထားပြီး ဖြစ်သောနော်ဝေးအခြေစိုက် Telenor Group အနေဖြင့် လက်ရှိကာ လတွင် ဆက်သွယ်ရေးကွန်ရက်လုပ်ငန်းများ စတင်ရေးဆိုင်ရာစီမံကိန်း အစီအစဉ်များကို ရေးဆွဲလျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင်မို ဘိုင်းလ်အော်ပရေတာလိုင်စင်ဆိုင်ရာတရားဝင် သဘော တူညီချက်ရ ရှိလာပါက ဆက်သွယ်ရေးကွန်ရက်များကို မြန်မာနိုင်ငံအတွင်း ချက် ချင်းအကောင်အ ထည်ဖော်စ တင်နိုင်ရန်ပြင်ဆင်ထားရှိကြောင်းTelenor Myanmar ကတစ်ဆင့်သိရှိရသည်။

Telenor Myanmar အနေဖြင့် မိုဘိုင်းလ်ဆက်သွယ်ရေးကွန် ရက်တည်ဆောက်နိုင်ရန်အတွက် Ericsson, Huawei နှင့် Wipro အစရှိသော နည်းပညာဆိုင်ရာလုပ်ငန်း (၃)ခုနှင့် နားလည်မှုစာချွန် လွှာရေးထိုး ထားပြီးဖြစ်သည်။ ထို့အပြင်Telenor Myanmar အနေ ဖြင့် မြန်မာနိုင်ငံနေရာဒေသအနှံအပြားတွင် ဆက်သွယ်ရေးတာဝါတိုင် များတည်ဆောက်ရန်နှင့် စီမံခန့်ခွဲနိုင်ရန်အတွက် Apollo Towers ဆက်သွယ်ရေးအဆောက်အအုံတည်ဆောက်ရေးကုမ်္ပဏီကို တရား ၀င်Vendor အဖြစ်ရွေးချယ်ထားရှိသည်။

“Telenor Myanmar အနေနဲ့ လုပ်ငန်းစတင်ဆောင်ရွက်ပြီး နောက် (၅)နှစ်တာကာလအတွင်းမှာပဲ လက်လီရောင်းချသူ (၁)သိန်း ပါတဲ့ဖြန့်ချိရေး ကွန်ရက်ကိုတည်ထောင်သွားမှာပါ။ ၂၀၁၄မကုန်ခင် ၀န်ထမ်း (၁၀၀၀)ခန့်အပ်နိုင်ဖို့ အပါအ၀င်အလုပ်အကိုင်ပေါင်း ၂,၀၀၀ကို ဖန်တီးသွားမှာပါ ””ဟုTelenor Myanmar မှတာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

အောင်ရဲကျော်
Myanma Spectrum