Time (New Year) နှစ်သစ်ကြို အီဒီယံ အသုံးအနှုန်းများ

ပို့စ်တင်ချိန် - 1/01/2014 10:49:00 AM


ဒီသတင်းတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ နှစ်ဟောင်းကုန်တော့မယ့် အချိန်ကာလမှာ လူအများစုက နှစ်သစ်ကို စိတ်သစ်လူသစ် အတွေးသစ်တွေ နဲ့ စတင်မယ်ဆိုတဲ့ New Year Resolution(s) ဆုံးဖြတ်ချက်တွေ ချမှတ်သလို၊ နှစ်သစ်ကိုကြိုဆိုတဲ့အနေနှင့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညဥ့်သန်းခေါင်ကျော်ထိစောင့်ပြီး ပျော်ပွဲရွှင်ပွဲပါတီပွဲတွေကို ဆင်နွှဲကြပါတယ်။
ဒါကြောင့် နှစ်သစ်ကို ကြိုဆိုတဲ့ ပါတီပွဲတွေနဲ့လိုက်ဖက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Big Time, In the Nick of time နဲ့ The Time of your Life အသုံးတွေကို တင်ပြထားပါတယ်။


Big Time
Big (ကြီးမားသော)၊ Time (အချိန်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ကြီးမားတဲ့အချိန် ဖြစ်ပါတယ်။  အီဒီယံမှာတော့ အဓိပ္ပါယ်(၂) မျိုး ရှိပါတယ်။ အပျော်ကြီးပျော်တဲ့အချိန် ဖြစ်သလို ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်ကြီးတွေလို့လည်း ရည်ညွှန်းသုံးနိုင်ပါတယ်။

ဥပမာ
I really had a big time at the New Year party I went to last year! The food was great and I got to meet some big-time people like senators and other important people like that.
ပြီးခဲ့တဲ့ တနှစ်က နှစ်သစ်ကူးပါတီ သွားတုန်းက အပျော်ကြီးပျော်လိုက်တာဗျာ။ အစားအသောက်ကလည်း ကောင်းပေ့၊ ဒါအပြင် အထက်လွှတ်တော်အမတ်တွေ နဲ့ တခြားအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနှင့်လည်း တွေ့ဆုံခွင့်ရခဲ့တယ်။

In the Nick of Time
In  (အထဲမှာ)၊ the Nick (ကပ်တာ) ၊ of (ရဲ့) ၊ Time (အချိန်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အချိန်ကပ်ပြီးမီလိုက်တာ ဖြစ်ပါတယ်။ ဒီစကားစုရဲ့  အီဒီယံအဓိပ္ပါယ်က အချိန်မီ လက်မတင်ကလေး ဖြစ်ပါတယ်။ ပါတီပွဲ လွတ်သွားတော့မလို့ လက်မတင်ကလေး မီလိုက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

ဥပမာ
We had a flat tire on our way to Henry's party but we still got there in the nick of time, five minutes to twelve. Just in time to raise a glass and say hello to the New Year!
Henry ရဲ့  ပါတီပွဲအသွားလမ်းမှာ ကားဘီးပေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ (၁၂) နာရီထိုးဖို့ (၅) မိနစ်အလို နှစ်သစ်ကို အရက်ခွက်မြောက်ပြီး ကြိုဆိုဖို့ အချိန်မီ လက်မတင်ကလေး ရောက်သွားခဲ့တယ်ဗျာ။

The Time of your Life
The Time (အချိန်) ၊ of (ရဲ့) ၊ your  ( သင့်ရဲ့ ) Life (ဘ၀ )ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဘ၀ရဲ့အချိန် ဖြစ်ပါတယ်။ ဒီစကားစုရဲ့  အီဒီယံအဓိပ္ပါယ်က ဘ၀ရဲ့အပျော်ဆုံးအချိန် ၊ ဘဝမှာ ကြုံတောင့်ကြုံခဲ အပျော်ကြီးပျော်ရတဲ့အချိန် ဖြစ်ပါတယ်။ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

ဥပမာ
It was New Year’s Eve in 1941 but I still remember it like it was yesterday. I went to this party and had the time of my life because I met the most beautiful girl I’ve been married to for fifty years!
၁၉၄၁ နှစ်သစ်ကူးမတိုင်ခင် တရက်အလိုပေါ့။ မနေ့တနေ့က ဖြစ်တဲ့အဖြစ်အတိုင်းလိုပါပဲ မှတ်မိပါသေးတယ်၊ ကျနော်ပါတီတခုကို သွားတယ်။ တသက်တာမှာ အပျော်ဆုံး အချိန်ကို ဆင်နွှဲခဲ့တယ်။ အကြောင်းကတော့ အဲဒီပါတီမှာ အလွန်လှပတဲ့ မိန်းမချောလေးတယောက်နှင့် တွေ့ဆုံခဲ့ပြီး သူနဲ့ ကျနော် လက်ထပ်ခဲ့တာ နှစ်ပေါင်း ငါးဆယ်တောင် ရှိခဲ့ပြီ။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Time ကို အခြေခံတဲ့ idiom အသုံးတွေက Big Time, In the Nick of Time နဲ့ The Time of your Life တို့ ဖြစ်ကြပါတယ်။
VOA Burmese News