Ubuntu Touch ထောက်ပံ့မည့် Nexus ထုတ်ကုန် အရေအတွက် လျှော့ချမည်

ပို့စ်တင်ချိန် - 1/15/2014 10:00:00 AM


Canonical ကုမ္ပဏီက Ubuntu မိုဘိုင်းဗားရှင်း ထောက်ပံ့ပေးသည့် ထုတ်ကုန် အရေအတွက်ကို လျော့ချသွားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

Canonical က Galaxy Nexus အတွက် Ubuntu Touch ဆော့ဖ်ဝဲလ် တည်ဆောက်မှုကို ရုတ်သိမ်းသွားမည် ဖြစ်ကြောင်း၊ Nexus 4 နှင့် Ubuntu 14.04 ဆော့ဖ်ဝဲလ် ထွက်ရှိနိုင်ရေးကို အာရုံစိုက်သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

Canonical ကုမ္ပဏီအနေဖြင့် Nexus tablet များအတွက် ဆော့ဖ်ဝဲလ်များ ဆက်လက်တည်ဆောက် သွားပေးမည်ဖြစ်ပြီး Nexus 7 နှင့် Nexus 10 တို့အတွက် ထောက်ပံ့မှုများကို လျော့ချသွားမည်ဖြစ်သည်။ ထို့ကြောင့် Nexus 4 နှင့် Nexus 7 တို့သာ Ubuntu Touch ရရှိမည့် ထုတ်ကုန်များ ဖြစ်လာဖွယ်ရှိသည်။ Canonical က နောက်ဆုံးပေါ် Nexus စမတ်ဖုန်းများတွင် Ubuntu 14.04 မထွက်ရှိခင်အထိ ထောက်ပံ့မှုများ ပြုလုပ်သွားရန် အစီအစဉ် မရှိသေးကြောင်း ပြောဆိုခဲ့သည်။

၎င်းတို့ ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် Ubuntu 14.04 ထွက်ရှိနိုင်မှု အပေါ်အာရုံစိုက်ထားကြောင်း Nexus 5 ပေါ်တွင် နည်းပညာ ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် မရှိ ကြောင်း ပြောကြားခဲ့သည်။


Ref: PhoneDog
Internet Journal