မြန်မာ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှု US အသိအမှတ်ပြု

ပို့စ်တင်ချိန် - 1/07/2014 08:43:00 AM

မြန်မာနိုင်ငံ၏ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ (ဇန်န၀ါရီ ၄ ရက်) အတွက် အမေရိကန် သမ္မတ ဘားရက် အိုဘားမား ပေးပို့သည့် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ ကို အသိအမှတ်ပြုကြောင်း ဖော်ပြထား သည်။ မြန်မာအနေဖြင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည်ကို ထောက်ခံအားပေး ကြောင်း၊ လွတ်လပ်၍ တက်ကြွသော အာဆီယံ နိုင်ငံ ဖြစ်လာရန် ဦးသိန်းစိန် ကတိပြုထားသည်ကို ထောက်ခံကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များက သ၀ဏ်လွှာများ ပေးပို့သည်။

ဧရာဝတီ သတင်း